ဂျုပီတာဂြိုဟ်ပတ်လမ်းအတွင်း နာဆာဂြိုဟ်တု ၀င်ရောက်မှု အောင်မြင်

ဂျုပီတာဂြိုဟ်ပတ်လမ်းအတွင်း နာဆာဂြိုဟ်တု ၀င်ရောက်မှု အောင်မြင်

နာဆာ၊ ဇူလိုင် ၅ ။           ။ ဂျုပီတာဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်သည့် အမေရိကန်အာကာသအေဂျင်စီမှ ဂြိုဟ်တုက ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ ချဉ်းကပ်ဝင်ရောက်နိုင်သည်။

ကမ္ဘာ့မှ လွန်ခဲ့သော ငါးနှစ်က လွှတ်တင်လိုက်သည့် ဂျုနိုဂြိုဟ်တုက ဂျုပီတာဂြိုဟ်သို့ ချဉ်းကပ်ရာတွင် အရှိန်နှေးသွားစေရန် ဒုံးကျည်အင်ဂျင်တစ်ခုကို လောင်ကျွမ်းစေခဲ့ပြီး ဂြိုဟ်ဆွဲအားဆီ အရောက် ရောက်ရှိစေကာ ဂြိုဟ်ပတ်လမ်းအတွင်း ဝင်ရောက်လိုက်နိုင်ခြင်းဖြစ်သည်။

အဆိုပါ ဂျုနိုအာကာသဂြိုဟ်တုမှ ထုတ်လွှင့်သည့် အသံအရ စီစဉ်ထားသည့်အတိုင်း ဂျုပီတာဂြိုဟ်ပတ်လမ်းအတွင်း ရောက်ရှိကြောင်းကို အတည်ပြုနိုင်သည်။

ရရှိသည့် ရေဒီယိုအသံလှိုင်းသတင်းပေးပို့ချက်ကြောင့် ကယ်လီဖိုးနီးယားတွင် ရှိသည့် နာဆာက ကောင်းချီးသြဘာသံများ ညံသွားစေခဲ့သည်။

သိပ္ပံပညာရှင်များက ဂျုနိုယာဉ်ကို ဂျုပီတာဂြိုဟ်အတွင်းပိုင်းကို ထောက်လှမ်းသိရှိနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

နေစကြဝဠာတွင် အကြီးဆုံးဂြိုဟ်ဖြစ်သော ဂျုပီတာဂြိုဟ် လွန်ခဲ့သော နှစ်သန်းပေါင်း လေးဘီလီယံခွဲနီးပါးက မည်သို့ ဖွဲ့စည်းတည်ရှိလာသည်ကို ဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းမှုနှင့် ဓာတုဒြပ်စင်ဖွဲ့စည်းမှုများမှ သဲလွန်စကောက်နိုင်မည်ဟု ယူဆထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly