ဘဂ္ဂဒက်၌ အိုင်အက်စ်တို့ ကားဗုံးဖောက်ခွဲမှုအတွင်း သေဆုံးဦးရေ ၁၆၅ ဦးအထိ ရှိလာ

ဘဂ္ဂဒက်၌ အိုင်အက်စ်တို့ ကားဗုံးဖောက်ခွဲမှုအတွင်း သေဆုံးဦးရေ ၁၆၅ ဦးအထိ ရှိလာ

ဘဂ္ဂဒက်၊ ဇူလိုင် ၄ ။               ။ အီရတ်နိုင်ငံ၏ မြို့တော် ဘဂ္ဂဒက်မြို့အတွင်း ဇူလိုင် ၃ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်တွင် သေဆုံးသူဦးရေသည် ၁၆၅ ဦးအထိ မြင့်တက်ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

ဒဏ်ရာရသူဦးရေက ၂၂၅ ဦးအထိ ရှိခဲ့သည့် အဆိုပါတိုက်ခိုက်မှုပြီးနောက် အစိုးရက သုံးရက်တာ ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာသည်။

မွတ်စလင်ဥပုသ်ပွဲအတွက် ကာရာဒါအရပ်တွင် မိသားစုများ ဈေးဝယ်လျက် စည်ကားနေစဉ် လော်ရီကားတစ်စီးဖြင့် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ကာ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ယခုဗုံးခွဲတိုက်ခိုက်မှုကြီးက ၂၀၀၇ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း ဖြစ်ပွားသည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ရသည့် အဆိုးဝါးဆုံးတိုက်ခိုက်မှုကြီးလည်းဖြစ်သည်။

သေဆုံးသူများ အလွန်များပြီး အများစုက မမှတ်မိလောက်အောင် မီးလောင်ကျွမ်းနေကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ယင်းအသေခံဗုံးခွဲမှုအား အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly