"တင်ပြလာသည်များကို ခေါင်းငြိမ့်လက်မခံစေချင်"

"တင်ပြလာသည်များကို ခေါင်းငြိမ့်လက်မခံစေချင်"

မပြောမပြီး၊ မတီးမမြည်ဆိုသလိုဘဲ ဆိုရေးရှိက ဆိုရပါတော့မည်။ မန္တလေးမြို့ တော်ဝန် ဒေါက်တာရဲလွင်အနေဖြင့် စည်ပင်သာယာရေးကော်မတီဝင်များနှင့်ဌာနမှူးများ၏ တင်ပြနေမှုများကို ခေါင်းငြိမ့်မနေဘဲ အောက်ခြေအထိဆင်း၍ ကြည့်ရှု့သင့်သည်။

ထိုသို့ပြောရခြင်းမှာ စည်ပင်သာယာရေးကော်မတီအနေဖြင့် ကျုံးဘေးတစ်လျှောက်ကောင်းနေသည့်လမ်းများကို ခင်း နေခြင်းကြောင့်ဖြစ်သည်။ တစ်ချို့ကျုံးဘေး နေရာအနည်းအငယ်တွင် မကောင်းတာရှိသော်လည်း ကောင်းနေသည့် လမ်းကိုပြန်လည်ခင်းပေးနေခြင်းသည် ဘဏ္ဍာငွေဖြုန်းတီးနေခြင်းဟ ုမြင်ပါသည်။

စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာရေးငွေသည် ပြည်သူများ၏ ငွေပင်ဖြစ်သည်။ ထိုသို့ငွေများကို လမ်းကောင်းများ ပြန်လည်ခင်းခြင်းဖြင့် ဖြုန်းတီးပစ်နေခြင်းသည် မည်သို့မျှမဖြစ်သင့်ပေ။

မြို့ပြဖွံ့ဖြိုးဖို့ အခြေခံကျသည့်လမ်းများ ကောင်းမွန်ရန်လိုသည်ကို လက်သင့်ခံပါသည်။ သို့သော် မန္တလေးမြို့တွင် မ ကောင်းသည့် လမ်းများစွာရှိနေပါသည်။ ထိုလမ်းများကို မျက်ကွယ်ပြု၍ ကောင်းနေဆဲလမ်းများကို ပြန်လည် ခင်းပြ နေ ခြင်းသည် ကော်မတီ၏ လုပ်ဆောင်မှုသက်သက်ကို ရုပ်ပြအနေဖြင့် လုပ်ပြနေခြင်းဖြစ်ပြီး ငွေဖြုန်း၊ အချိန်ဖြုန်း၊ လုပ် အား ဖြုန်းနေခြင်းပင် ဖြစ်သည်။

မြို့တော်ဝန်ကြီးအနေဖြင့် မြို့နယ်များနှင့် ရပ်ကွက်များထဲအထိ ဆင်းမကြည့်နိုင်လျှင်တောင်မှ ကျုံးဘေးတော့ လမ်း လျှောက် ထွက်ရင်းကြည့်ရှု့ နိုင်သည်။

လမ်းတွေ ခင်းပေးနေတာတောင် အကောင်မမြင်ဘူးဟု မထင်စေချင်။ ခင်းနေဆဲလမ်းများကိုသာ တစ်ပတ်လောက် လှည့်ကြည့်စေချင်သည်။ တစ်ချို့ မြို့နယ်၊ ရပ်ကွက်များတွင် လမ်းပြီးအောင်မခင်းပေးသေးသောကြောင့် သွားလာ ရခက်ခဲနေသော နေရာများလည်း ရှိနေပါသေးသည်။

မန္တလေးမြို့ မြို့အင်္ဂါရပ်နှင့်အညီ ပြည့်စုံလာစေရန်မှာ စည်ပင်သာယာရေးကော်မတီနှင့် မြို့တော်ဝန်၏ တာဝန်သာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly