ဘောလုံးကွင်း ၃၀ စာရှိသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် တရုတ်တပ်ဆင် ပြီးစီး

ဘောလုံးကွင်း ၃၀ စာရှိသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် တရုတ်တပ်ဆင် ပြီးစီး
 
 

ပေကျင်း၊ ဇူလိုင် ၄ ။              ။ စက်တင်ဘာတွင် စတင်အသုံးပြုမည်ဖြစ်သည့် ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်အား တရုတ်နိုင်ငံက အပြီးသတ် တပ်ဆင် ပြီးစီး ကြောင်း  နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

အကျယ် မီတာ ၅၀၀ ရှိသော Aperture Spherical Telescope သို့မဟုတ် FAST တယ်လီစကုပ်၏ အရွယ်မှာ ဘောလုံးကွင်း ၃၀ စာမျှ ရှိသည်။

အမေရိကန်ဒေါ်လာ သန်း ၁၈၀ အကုန်အကျခံထားသည့် ယင်းတယ်လီစကုပ်ဖြင့် အာကာသအား စူးစမ်းလေ့လာခြင်း၊ ဂြိုလ်သားများကို ရှာဖွေခြင်းများတွင် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံအတွက် အာကာသစီမံကိန်းများ မြင့်မားစေရေးက ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ရှိနေသည်။

လက်ရှိတွင် သိပ္ပံပညာရှင်များက တယ်လီစကုပ်ကြီးမှ အပြစ်အနာအဆာများစစ်ဆေးဖယ်ရှားလျက်ရှိနေကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှ အမျိုးသား အာကာစူးစမ်းရေးဌာန လက်ထောက်အကြီးအကဲ Zheng Xiaonian က ပြောသည်။

အဆိုပါ FAST တယ်လီစကုပ်က အီတလီက အချင်း ၃၀၀ မီတာရှိသည့် တယ်လီစကုပ်နေရာတွင် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်အဖြစ် နေရာယူတော့မည်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly