ပင်နယ်တီ အဆုံးအဖြတ်မှာ အီတလီကို အနိုင်ယူပြီး ဂျာမနီတို့ ဆီးမီးဖိုင်နယ်တက်

ပင်နယ်တီ အဆုံးအဖြတ်မှာ အီတလီကို အနိုင်ယူပြီး ဂျာမနီတို့ ဆီးမီးဖိုင်နယ်တက်
(ဓာတ်ပုံ - ယူရို ၂၀၁၆)

ပင်နယ်တီ အဆုံးအဖြတ်မှာ ဂျာမနီက အီတလီကို (၆-၅) ဂိုးဖြင့် နိုင်ပြီး ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒါဟာ ဂျာမနီက အီတလီကို ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ် အနိုင်ရရှိသွားနိုင်တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး နည်းဗျူဟာပိုင်း အသာရဖို့ အားပြိုင်ရင်း တစ်ဖက်နဲ့ တစ်ဖက် အမှားစောင့်ကစားခဲ့ပါတယ်။ ပွဲချိန် (၄၀) နောက်ပိုင်းမှသာ နှစ်ဖက် အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ပဲ ပထမပိုင်း သရေနဲ့ ပွဲပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အိုဇေးလ်က (၆၅) မိနစ်မှာ ဂျာမနီအတွက် ဦးဆောင်ဂိုး စသွင်းခဲ့ပါတယ်။ (၇၈) မိနစ်မှာ ပင်နယ်တီ ဧရိယာထဲမှာ ဘိုတန်လက်နဲ့ ထိလို့ ဂျာမနီတို့ ပင်နယ်တီပေးလိုက်ရပါတယ်။ ရရှိတဲ့ ပင်နယ်တီကို ဘူနူချီက အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ အီတလီတို့ ချေပဂိုး ရပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ပုံမှန်ပွဲချိန်အပြီးထိ နှစ်ဖက် ဂိုးထပ်မသွင်းနိုင်တာကြောင့် အချိန်ပို မိနစ် (၃၀) ဆက်ကစားခဲ့ပါတယ်။ အချိန်ပိုမှာတော့ ဂျာမနီအသင်းက ပိုကောင်းခဲ့ပြီး ဂိုးရမယ့် အခွင့်အရေး နှစ်ကြိမ်လောက် ရရှိခဲ့သလို အီတလီကလည်း တစ်ကြိမ် ရရှိခဲ့ပေမယ့် နှစ်သင်းစလုံး ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့် နောက်ဆုံးမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရပါတယ်။

ပင်နယ်တီကန်သွင်းရာမှာ ဂျာမနီဖက်က မူလာ၊ အိုဇေးလ်နှင့် စတိုင်ဂါတို့ လွဲခဲ့ကြပြီး အီတလီဖက်က ပယ်လီ၊ ဘူနူချီ၊ ဒါမိုင်းနှင့် ဇာဇာတို့ ဂိုးမဝင်ခဲ့လို့ ဂျာမနီက (၆-၅) ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားပါတယ်။ အဆုံးအဖြတ် အနိုင်အတွက် ပင်နယ်တီ (၉) လုံးထိ ကန်ခဲ့ရပါတယ်။ နောက်ဆုံး အဆုံးအဖြတ် တစ်လုံးစီကန်သွင်းရာမှာ ဒါမိန်း ကန်ချက်ကို ဂျာမန်ဂိုးသမား နူအာကာကွယ်ခဲ့ပြီး အီတလီ ဂိုးသမား ဘူဖွန်က ဟတ်တာရဲ့ကန်ချက်ကို မကာကွယ်နိုင်လို့ အီတလီတို့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ပြင်သစ်-အိုက်စလန်ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ရလဒ်။

ဂျာမနီ
ကရူးစ် ✔️၊ မူလာ ❌၊ အိုဇေးလ် ❌၊ ဒရက်ဇ်လာ ✔️၊ စတိုင်ဂါ ❌၊ Hummels ✔️၊ Kimmich ✔️ ၊ ဘိုတန် ✔️ ၊ ဟတ်တာ ✔️

အီတလီ
Insigne ✔️၊ ဇာဇာ ❌၊ Barzagli ✔️၊ ပယ်လေ ❌၊ ဘူနိုချီ ❌၊ Giaccherini ✔️၊ Parolo ✔️ De Sciglio ✔️၊ ဒါမိန်း ❌

 မိနစ် (၉၀) နှင့် အချိန်ပို ပွဲပြီးရလဒ်

ဂျာမနီ ၁-၁ အီတလီ
ဂိုး - အိုဇေးလ် (၆၅) မိနစ် | ဘူနူချီ (၇၈) မိနစ် (ပင်နယ်တီ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly