ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင် ဓါးစာခံ စီးနင်းခံရမှုတွင် နိုင်ငံခြားသား ၂၀ ဦးသေဆုံးသွားခဲ့ဟု စစ်တပ် ပြော

ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင် ဓါးစာခံ စီးနင်းခံရမှုတွင် နိုင်ငံခြားသား ၂၀ ဦးသေဆုံးသွားခဲ့ဟု စစ်တပ် ပြော

ဇူလိုင် ၂ ။             ။ ဘင်္ဂလားဒေ့ရှ် မြို့တော်ဒါကာရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ဇူလိုင်လ ၁ ရက်ညပိုင်းက ဝင်ရောက်စီးနင်းခဲ့သော သေနတ်သမားများက နိုင်ငံခြားအယောက် ၂၀ ကို ပစ်သတ်သွားခဲ့သည်ဟု စစ်တပ်အရာရှိများက ထုတ်ဖော်ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် အိုင်အက်စ်အဖွဲ့ဟု ယုံကြည်ရသော သေနတ်သမားများက ဆိုင်ကို ဝင်ရောက်စီးနင်းပြီး စားသောက်နေသူများကို ဓါးစာခံဖမ်းဆီးထားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့က   နှိမ်နင်းရှင်းလင်းခဲ့ရသည်ဟု သိရသည်။

ယင်းနောက် သေနတ်သမားခြောက်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် ဓါးစာခံ ၁၃ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း အစောပိုင်းသတင်းများက ဖော်ပြထားသည်။

ယခုအခါတွင်မူ သေနတ်သမားများ၏ ဓါးစာခံထိန်းသိမ်းခံခဲ့ရသော နိုင်ငံခြားသား အယောက် ၂၀ သေဆုံးခဲ့ကြောင်းနှင့် အများစုမှာ အီတလီ နှင့် ဂျပန်နိုင်ငံသားများဖြစ်ကြကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ဖော်ပြောဆိုသွားသည်။

ယမန်နေ့ညက ဖြစ်စဉ်ဖြစ်ပွားခါစကလည်း ဆိုင်အတွင်းရှိ သေနတ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦး သေဆုံးထားခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly