ယင်းမာပင်မြို့နယ်တွင် ဖခင်မှ သမီးအရင်းအား ဓါးဖြင့်ခုတ်မှု ဖြစ်ပွား

ယင်းမာပင်မြို့နယ်တွင် ဖခင်မှ သမီးအရင်းအား ဓါးဖြင့်ခုတ်မှု ဖြစ်ပွား

မုံရွာ၊ ဇူလှိုင် ၁။          ။ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် တွင် ဖခင်မှ သမီးအရင်းဖြစ်သူအား ဓါးဖြင့်ခုတ်မှု ဇူလှိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းမာပင်မြို့နယ်၊ မင်းကံကြီးကျေးရွာအုပ်စု၊ မင်းကံတိုက်ကျေးရွာတွင် ဖခင်ဖြစ်သူက သမီးအရင်းနှင့် စကားများကာ ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာနေ ဦးကျော်ဆင့်(၅၀)နှစ် သည် အရက်မူးပြီး သမီးနှစ်ဦးတို့ နှင့် စကားများရန်ဖြစ် ခဲ့ပြီး သမီးဖြစ်သူ မဝေဝေသင်း(၁၇)နှစ်က ဖခင်အား အရှည်(၄)ပေခန့်ရှိ မှိန်းနှင့်ထိုးခဲ့ကြောင်း၊ ဦးကျော်ဆင့်၏ ဝမ်းဗိုက်အောက်တွင် (၁)လက်မခန့် ဒဏ်ရာရရှိခဲ့ပြီး ဦးကျော်ဆင့်က သမီး မဝေေ၀လင်းအား ဓါးဖြင့် ပြန်လည်ခုတ်ခဲ့ကြောင်း သိရသည်။

" အရက်မူးပြီး သမီးနှစ်ဦးနဲ့စကားများတယ်၊ စိတ်မထိန်းနိုင်ပဲ ဖြစ်သွားကြတာပါ" ဟု ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

ဓါးဖြင့်အခုတ်ခံရသူ မဝေေ၀လင်းမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးကျော်ဆင့် ဖခင်ဖြစ်သူ ဦးကျော်ဆင့် (၅၀)နှစ်အား ယင်းမာပင်မြို့မ ရဲစခန်းက (ပ)၉၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly