ဂိုးသမားစတိဗ်ကလန်ဘတ်ကို အဲဗာတန်အသင်းခေါ်ယူ

ဂိုးသမားစတိဗ်ကလန်ဘတ်ကို အဲဗာတန်အသင်းခေါ်ယူ

ဇူလိုင် ၂၊ လီဗာပူးလ်။           ။ အဲဗာတန်အသင်းသည် ရိုးမားနှင့်ဖူလ်ဟမ်ဂိုးသမားဟောင်း စတိဗ်ကလန်ဘတ်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။ ယင်းဂိုးသမားသည် ပြီးခဲ့သည့်ရာသီက ဖူလ်ဟမ်အသင်းမှ ဆောက်သမ်တန်အသင်းသို့ အငှားဖြင့်သွားရောက်ကစားခဲ့သည်။

အသက် ၃၃ နှစ်ရှိ စတိဗ်ကလန်ဘတ်သည် ဆောက်သမ်တန်၊ မိုနာကို၊ ဖူလ်ဟမ်၊ ရိုးမား၊ အေဂျက်အသင်းတို့နှင့်အတူ လိဂ်ပွဲ ၂၇၄ ပွဲကစားခဲ့သည်။

၂၀၁၃ တွင်ဖူလ်ဟမ်အသင်းသို့ ပေါင် ပေါင် ၄ ဒသမ ၇ သန်းဖြင့်ရောက်ရှိခဲ့သည့် စတိဗ်ကလန်ဘတ်သည် အဲဗာတန်အသင်းနှင့် မဖော်ပြသည့်ပြောင်းရွှေ့ကြေး၊ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

“ကျွန်တော်သိပ်ပျော်ပါတယ်။ ကိစ္စတွေက ရက်ပိုင်းအတွင်းမှာပဲ အမြန်ပြီးသွားတယ်။ ကိုးမန်း အဲဗာတန်နည်းပြဖြစ်လာပြီး သူ့နောက်လိုက်ချင်လိုက်ခဲ့လို့ရတယ်လို့ပြောပြီး ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ကို ခေါ်လိုက်တာပါ။

သူကအကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကိုလည်း ယုံကြည်ပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်မှာ ပျော်ပါတယ်။ ဒီလိဂ်မှာ ဆက်ကစားခွင့်ရတာကလည်း ကျေနပ်စရာပါပဲ”ဟု စတိဗ်ကလန်ဘတ်က ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly