မက္ကဆီကိုတွင် ကျောင်းဆရာသပိတ်ကြောင့် လမ်းများပိတ်ဆို့နေချိန် သွားရောက်ရန်ခက်ခဲသော ကျေးရွာများသို့ လေကြောင်းမှတဆင့် အစားအစာအကူအညီများ ချထားပေးနေရ

မက္ကဆီကိုတွင် ကျောင်းဆရာသပိတ်ကြောင့် လမ်းများပိတ်ဆို့နေချိန် သွားရောက်ရန်ခက်ခဲသော ကျေးရွာများသို့ လေကြောင်းမှတဆင့် အစားအစာအကူအညီများ ချထားပေးနေရ

ဇူလိုင် ၂ ။            ။ မက္ကဆီကို ကျောင်းဆရာ သပိတ်ကြောင့် နိုင်ငံရှိ အဓိကလမ်းမကြီးများ ပိတ်ဆို့နေရာ သွားလမ်းမပေါက်တော့သည့် ဝေးလံသော အရပ်ဒေသများတွင် နေထိုင်ကြသူများအတွက် အစိုးရက လေကြောင်းမှတဆင့် အစားအစာများ ကူညီချထားပေးနေရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သီတင်းပတ်များစွာကြာမြင့်လာခဲ့ပြီဖြစ်သော ကျောင်းဆရာသပိတ်မှာ နိုင်ငံအနှံ့ ပြန့်နှံ့ကာ အရှိန်မြင့်လာနေချိန် ဝေးလံသည့် အရပ်ဒေသများတွင်လည်း စားသောက်ကုန်များ ရှားပါးပြတ်တောက်လာနေလျက်ရှိသည်။ ကျောင်းဆရာသပိတ်ကြောင်း လမ်းများပိတ်ဆို့နေခြင်းက ဝေးလံသည့်အရပ်ဒေသများကို ပို့ကုန်ပစ္စည်းများ ဖြန့်ဖြူးတင်ပို့နိုင်ခြင်းမရှိဟု သိရသည်။

နိုင်ငံတောင်ပိုင်း ပြည်နယ် Oaxaca တွင် မက္ကဆီကို လေတပ်မှ ဆန်တန်ချိန်ပေါင်းများစွာကို ပေးပို့ချထားပေးခဲ့ရသည်ဟု သိရသည်။ အလားတူ ယခုသီတင်းပတ်ကုန်တွင်လည်း ဂျုံ၊ ပြောင်းတန်ချိန် ၁၀၈ တန်ကိုလည်း ချထားပေးသွားမည်ဖြစ်သည်။

နိုင်ငံတွင်ဖြစ်ပေါ်နေသော ကျောင်းဆရာသပိတ်အတွင်း ပြီးခဲ့သည့်လက ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ ရှစ်ဦးသေဆုံးပြီးကတည်းက ပိုမိုတင်းမာလာနေခဲ့သည်။

နိုင်ငံတွင် အကဲဖြတ် စာမေးပွဲများ ကျဆုံးသော ကျောင်းဆရာများကို ဒေသအာဏာပိုင်များက ဖယ်ရှားခွင့်ရနေသော ဥပဒေကို ပြုပြင်ပြောင်းလဲရေးအတွက် မက္ကဆီကို ကျောင်းဆရာများက ဆန္ဒပြတောင်းဆိုနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly