အီတလီခံစစ်ကို ဂျာမနီအသင်းချိုးဖျက်နိုင်မည်ဟု မူလာယုံကြည်နေ

အီတလီခံစစ်ကို ဂျာမနီအသင်းချိုးဖျက်နိုင်မည်ဟု မူလာယုံကြည်နေ

ဇူလိုင် ၁၊ ပြင်သစ်။           ။ စနေနေ့တွင် ကစားရမည့် ယူရို ၂၀၁၆ ကွာတားပွဲ၌ အီတလီအသင်း၏ တောင့်တင်းသောခံစစ်ကို ဂျာမနီအသင်းချိုးဖျက်နိုင်မည် ဟု ဂျာမနီတိုက်စစ်မှူးမူလာက ယုံကြည်နေသည်။

ဂျူဗင်တပ်နောက်တန်းကစားသမားများဖြစ်သော ဘဇာဂလီ၊ ချီရယ်လီနီ၊ ဘိုနုချီနှင့် ဂိုးသမား ဘတ်ဖွန်တို့ဦးဆောင်သည့် အီတလီနောက်တန်းသည် ယူရိုပွဲစဉ် လေးပွဲတွင် တစ်ဂိုးသာပေးထားရသည်။

အီတလီနှင့်ဂျာမနီတို့သည် ယူရို ၂၀၁၂ ပြိုင်ပွဲဆီမီးအဆင့်တွင် တွေ့ဆုံခဲ့ကြစဉ်က အီတလီအသင်းက ဂျာမနီကို ၂-၁ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

မူလာက “ဘိုင်ယန်မြူးနစ်နဲ့တုန်းက အတွေ့အကြုံအရ အီတလီနောက်တန်းက ထိုးဖောက်မရလောက်အောင် ကောင်းတယ်လို့ မမြင်ပါဘူး။ ချန်ပီယံလိဂ်ပွဲတုန်းက ကျွန်တော်တို့နှစ်ပွဲမှာ   လေးကြိမ်ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီတုန်းက ဂျူဗင်တပ်နောက်တန်းနဲ့ အခု အီတလီနောက်တန်းမကွာပါဘူး။

အီတလီက ခံစစ်ကို အရမ်းကောင်းအောင်ကစားတတ်တယ်။ ကျွန်တော်ကတော့ ဂျာမနီဂိုးဧရိယာထဲမှာထက် အီတလီဂိုး ဧရိယာထဲမှာ ဂိုးကန်သွင်းခွင့်တွေကို ပိုတွေ့ရမယ့်ပွဲလို့ မြင်ပါတယ်”ဟု   ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly