၂၁ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် UNFC ၏ DPN ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တွင်တွေ့ဆုံ

၂၁ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် UNFC ၏ DPN ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တွင်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁ ။              ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် ဇူလိုင်လ ၁ရက်နေ့က တွေ့ဆုံဆွေးနွေး လျှက်ရှိသည်။

UNFC က အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဖွဲ့စည်းပေးထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် တွေ့ဆုံနေကြခြင်းဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တက် ရောက်နိုင်ရေးကိစ္စနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ ဆုံနိုင်ရေး ဆွေးနွေးကြမည်ဟု သိရသော်လည်း အသေးစိပ်အချက်အလက်များကို မသိရသေးပေ။

ထို့ပြင် NCA လက်မှတ်မထိုးထာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K) အဖွဲ့နှင့်လည်း ဇူလိုင်လ ၂ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၁ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး- ၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေး ကျင်းပရန် ရှိပြီး ဇူလိုင်လ ၄ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီတို့ နေပြည်တော်၌ တွေ့ဆုံကြမည် ဖြစ်သည်။

ဇွန်လ ၂၈ ရက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာ ချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး  ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လနောက်ဆုံးပတ်တွင် ပြုလုပ်ရန် သဘောတူညီ ထားကြသည်။

ယနေ့ ဆွေးနွေးပွဲကို အစိုးရဘက်က စေ့စပ်ညှိနိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း၊ အတွင်းရေးမှူး ဦးလှမောင်ရွှေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးနှင့်အဖွဲ့ဝင်များတက်ရောက်ပြီး UNFC ဘက်မှ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်၊ ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် စိုင်းထူး၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူ းကြီး မင်းထွန်း၊ ဒေါက်တာ နိုင်ရွှေသိန်း နှင့် တာ့ညီလူတို့တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags