ကနီမြို့နယ်တွင် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်းများ တွေ့ရှိခဲ့

ကနီမြို့နယ်တွင် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်းများ တွေ့ရှိခဲ့
(ဓါတ်ပုံ-ဦးထွန်းထွန်းဝင်း)

မုံရွာ၊ ဇွန် ၃၀။           ။ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ယခုလ ၂၂ ရက်က ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ပစ္စည်းများတွေ့ရှိခဲ့ကြောင်းသတင်းရရှိ သည်။

ကနီမြို့နယ် ခုံကြီးကျေးရွာ ယာကွက်အတွင်း ဧရာမသစ်ငုတ်တိုကြီးအား တူးဖော်ရာမှ အဆိုပါရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

"ရှေးဟောင်းပစ္စည်းဖြစ်မယ်ထင်တယ်၊ တော်တော်လေးလည်းရှေးကျမယ်၊ အတိအကျသိနိုင်တဲ့ ရှေးဟောင်းဌာနကို ပို့မှာပါ၊လောလောဆယ်တော့ တွေ့ရှိခဲ့တဲ့ ကာယကံရှင်ကပဲ သိမ်းဆည်းထားပါတယ်၊ "ဟု ကနီမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အဆိုပါ ပစ္စည်းများမှာ ကြေးဖြင့် ပြုလုပ်ထားသော ချိန်ခွင်၊ ခေါင်းလောင်း၊ ကွမ်းအစ်၊ ခြင်္သေရုပ်၊ စသည့်တို့ပါဝင်ပြီး ကျောက်သားပေါ်တွင် စာရေးသားထားသော ပစ္စည်းတစ်ခုလည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly