အသင်းနှင့် ၂၉ နှစ်ကြာ လက်တွဲခဲ့သည့် ရွိုင်ယန်ဂစ်နှင့်မန်ယူတို့ လမ်းခွဲတော့မည်

အသင်းနှင့် ၂၉ နှစ်ကြာ လက်တွဲခဲ့သည့် ရွိုင်ယန်ဂစ်နှင့်မန်ယူတို့ လမ်းခွဲတော့မည်

ဇွန် ၃၀၊ အင်္ဂလန်  ။             ။ အသင်းနှင့် ၂၉ နှစ်ကြာ လက်တွဲခဲ့သော ဝေးလ်ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်နှင့် မန်ယူအသင်းတို့ လမ်းခွဲတော့မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက   ဖော်ပြလျက်ရှိနေကြသည်။

ရွိုင်ယန်ဂစ်သည် ၁၉၈၇ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ်ကတည်းက မန်ယူအသင်းသို့ ရောက်ရှိနေသူဖြစ်ပြီး ကစားသမားဘဝဖြင့် အောင်မြင်မှုများစွာရယူနိုင်ခဲ့သည်။ ကစားသမားဘဝမှ အနားယူပြီးနောက်တွင်လည်း နည်းပြ မိုယက်စ်နှင့် နည်းပြ ဗန်ဟားလ်တို့၏လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယခု နည်းပြသစ်မော်ရင်ဟိုလက်ထက်တွင် ဂစ်ကို အသင်း၏နည်းပြအဖွဲ့တွင် ဆက်လက်ပါဝင်ရန် မန်ယူအသင်းက ကမ်းလှမ်းခဲ့သော်လည်း လက်ထောက်နည်းပြအဖြစ်မှ အဖွဲ့ဝင်အဖြစ်သာ ပါဝင်ခွင့်ရမည်ဖြစ်သည့်အတွက် ဂစ်က ငြင်းဆန်ခဲ့သည်။

ဂစ်မှာ မန်ယူနှင့်စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးသည့်အတွက် လက်ကျန်လစာငွေကို ဖြတ်တောက်ရန် မန်ယူအသင်းနှင့် ဂစ်၏ ကိုယ်စားလှယ်တို့ ဆွေးနွေးလျက်ရှိနေကြသည်။

ဂစ်သည် မန်ယူအသင်းအတွက် ပွဲပေါင်း ၉၆၃ ပွဲအထိကစားပေးခဲ့ပြီး အသင်းသမိုင်းတွင် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူ ဖြစ်သည်။ ဂိုးပေါင်း ၁၆၈ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နှင့် အက်ဖ်အေဖလား ၄ ကြိမ် ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly