တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည်မဟုတ်ဟု တရုတ်ပြော

တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည်မဟုတ်ဟု တရုတ်ပြော

ဇွန် ၃၀ ။              ။ တောင်တရုတ်ပင်လယ် နယ်မြေ  ပိုင်ဆိုင်မှု အငြင်းပွားကိစ္စရပ်အပေါ် သည်ဟေ့ဂ်မြို့ နိုင်ငံတကာ ခုံရုံးက လာမယ့် ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်တော့မည်ဖြစ်ရာ ခုံရုံး၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လက်မခံဘဲ ပယ်ချသွားမည်ဟု တရုတ် အာဏာပိုင်တို့က ထုတ်ဖော်ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နှင့် အငြင်းပွားနေသည့် နယ်မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာ ခုံရုံးသို့ တင်ပြတိုင်တန်းထားခြင်းဖြစ်သည်။ သို့သော် အထက်ပါ ကိစ္စကို မိမိတို့ နှစ်နိုင်ငံချင်းသာ ညှိနှိုင်းဆွေးနွေးသင့်ကြောင်း နှင့် ယခုကဲ့သို့ ခုံရုံးကဆုံးဖြတ်လာမည့်မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ပယ်ချသွားရမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ သည်ဟေ့ဂ်အခြေစိုက် ခုံရုံက ယင်းကိစ္စနှင့်ပတ်သက်၍ လာမည့် ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ချက်ချသွားတော့မည်ဖြစ်သည်။

တရုတ်တို့အနေဖြင့် ယခင်ကာလများကတည်းက အဆိုပါကိစ္စကို ခုံရုံးတွင် ကြားနာရန် ငြင်းပယ်ထားခဲ့ခြင်းဖြစ်သည်။

" နယ်မြေအငြင်းပွားမှုတွေ၊ ရေကြောင်းနယ်နမိတ်ကန့်သတ်တာတွေ စတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဘယ်လိုမျိုး တတိယ ပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ ကြားဝင် ဆုံးဖြတ်ဖြေရှင်းတာမျိုးကမှ ကျွန်တော်တို့ လက်ခံသွားပေးမှာမဟုတ်ပါဘူး" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly