မြောက်ကိုရီးယားခေါင်းဆောင်က အာဏာပိုချဲ့ထွင်မှုအဖြစ် ထိပ်တန်းရာထူးသစ်ရယူ

မြောက်ကိုရီးယားခေါင်းဆောင်က အာဏာပိုချဲ့ထွင်မှုအဖြစ် ထိပ်တန်းရာထူးသစ်ရယူ

ပြုံယမ်း၊ ဇွန် ၃၀ ။            ။ နျူကလီးယားလက်နက်နိုင်ငံ အထီးကျန်မြောက်ကိုရီးယားနိုင်ငံတွင်း အာဏာပို ခိုင်မာရေးအတွက် အသက် ၃၃ နှစ်သာရှိသေးသော ခေါင်းဆောင်ကင်ဂျုံးအွန်က အထူးအုပ်ချုပ်ရေးကော်မရှင်၏ ဥက္ကဌရာထူးနေရာသစ်ကို ဖန်တီးက ရယူလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဥပဒေပြုအဖွဲ့အစည်းဖြစ်သော SPA က ဇွန် ၂၉ ရက်က နိုင်ငံတော်အရေးအရာကော်မရှင် အကြီးအကဲအဖြစ် ကင်ဂျုံးအွန်ကို တစ်ညီတစ်ညွတ်တည်း မဲပေးထောက်ခံခဲ့ကြခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ အမြင့်ဆုံးအုပ်ချုပ်ရေးနှင့် မူဝါဒချမှတ်ရေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးကော်မရှင်နေရာတွင် ယခုကော်မရှင်သစ်ကို အစားထိုးလိုက်ခြင်းဖြစ်သည်။

အမှုထမ်းအားလုံးနှင့် ပြည်သူအားလုံးတို့၏ မယိမ်းယိုင်သောယုံကြည်မှုနှင့် ခိုင်မာသော သဘောထားဖြင့် နိုင်ငံ၏ အမြင့်ဆုံးနေရာတွင် ကင်ဂျုံးအွန်အား တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း အထူးအုပ်ချုပ်မှုကော်မရှင်ဥက္ကဌအဖြစ် ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး SPA ဥက္ကဌဖြစ်သူ ကင်ယောင်နမ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly