ဗီယက်နမ်မြို့တော်တွင် ဆယ်စုနှစ်အတွင်း မော်တော်ဆိုင်ကယ် ပပျောက်ရေး လုပ်ဆောင်မည်

ဗီယက်နမ်မြို့တော်တွင် ဆယ်စုနှစ်အတွင်း မော်တော်ဆိုင်ကယ် ပပျောက်ရေး လုပ်ဆောင်မည်

ဟနွိုင်း၊ ဇွန် ၃၀ ။              ။ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတာဝန်ရှိသူများက ဆယ်နှစ်အတွင်း မြို့ထဲတွင် မော်တော်ဆိုင်ကယ်များကို တားမြစ်သွားရန် စီမံကိန်းချမှတ်ထားကြောင်း သတင်းထုတ်ပြန်သည်။

ယာဉ်လမ်းကြောများ ပိတ်ဆို့မှုအရေးကို ကိုင်တွယ်ဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၅ တွင် မြို့တွင်းလမ်းများ၌ ဆိုင်ကယ်ကင်းမဲ့ရေးအတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများက လိုလားဆန္ဒရှိနေကြောင်း Thanh Nien သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဗီယက်နမ်၏ ဟနွိုင်းမြို့တော်သည် ကားစီးရေ သန်းဝက်နှင့် ဆိုင်ကယ်စီးရေ ငါးသန်းနီးပါးဖြင့် ပိတ်ဆို့ကျပ်ညပ်မှုများဖြင့် နာမည်ဆိုးထွက်သည့် မြို့လမ်းများဖြစ်နေသည်။

ထိုအခြေအနေက နောက်ပိုင်းနှစ်များတွင် ပိုဆိုးလာနိုင်ပြီး ၂၀၂၀ တွင် ဆိုင်ကယ်စီးရေ ခုနစ်သန်းထိ ရှိလာပြီး ကားစီးရေလည်း နှစ်ဆများပြားလာနိုင်ကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။

“လာမယ့်လေးငါးနှစ်အတွင်းမှာပဲ ဟနွိုင်းမြို့ရဲ့ အနေအထားက အလွန်ရှုပ်ထွေးကျပ်ညပ်လာတော့မှာဖြစ်တယ်။ ဒါကြောင့် အချိန်မီ ဖြေရှင်းဖို့ အမှန်တကယ်လိုအပ်တယ်။”ဟု မြို့တော်ဝန် ငုယင်ဒက်ချောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly