ကုလလုံခြံုရေးကောင်စီ ယာယီအဖွဲ့ဝင်နိုင်ငံများ ရွေးချယ်အတည်ပြု

ကုလလုံခြံုရေးကောင်စီ ယာယီအဖွဲ့ဝင်နိုင်ငံများ ရွေးချယ်အတည်ပြု

ကုလသမဂ္ဂ၊ ဇွန် ၂၈ ။              ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်နိုင်ငံ နှစ်နှစ်သက်တမ်းအတွက် ဇွန် ၂၈ ရက်က မဲခွဲပြီးနောက် ဘိုလစ်ဗီးယား၊ အီသီယိုးပီးယား၊ ကာဇက်စတန်နှင့် ဆွီဒင်တို့အား ရွေးချယ်လိုက် ပြီး နယ်သာလန်နှင့် အီတလီတို့သည် အနောက်ဥရောပနိုင်ငံကိုယ်စားပြုအတွက် ဆက်လက် မဲခွဲယှဉ်ပြိုင် ရမည်ဖြစ်သည်။

မဲခွဲရွေးချယ်ပွဲ၏ ဒုတိယအဆင့်တွင် ကာဇက်စတန်က ၁၃၈ မဲရရှိပြီး ထိုင်းနိုင်ငံက ၅၅ မဲသာရရှိခဲ့သ ဖြင့် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယမ်မှ လွပ်လပ်ရေးရခဲ့သည့် ကာဇက်စတန်သည် ပထမဆုံးအကြိမ်အဖြစ် ယာယီအဖွဲ့ဝင် နိုင်ငံဖြစ်လာသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ဝေါလ်စတောင်းက ယခုလို ရွေးချယ်ခံရသည့်အတွက် ကုလသမဂ္ဂ၏ အရေးပါသော နေရာတွင် ပါဝင်ဆွေးနွေးခွင့်ရတော့မည့် မိမိတို့နိုင်ငံအတွက် ဝမ်းမြောက် ဂုဏ်ယူမိ ကြောင်း၊ကမ္ဘာပေါ်တွင် တိုက်ခိုက်နေမှုများ အဆုံးသတ်ရေးအတွက် လုပ်ဆောင်သွားမည်ဟု ပြော ကြားသည်။

“ကမ္ဘာပေါ်မှာ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ နေရာ ၄၀ နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ နေရာ ၁၁ ခုရှိပါတယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့ စိုးရိမ်စရာအခြေအနေအပေါ် ဝိုင်းဝန်းလုပ်ဆောင်သွားကြဖို့ လိုပါတယ်။
အီတလီနိုင်ငံက မိမိတို့သည် မြေထဲပင်လယ်ဒေသရှိ အချက်အခြာကျသော နေရာတွင်ရှိပြီး ဒုက္ခသည်ပြဿနာများ ဖြေရှင်းရေးတွင် အတွေ့အကြုံရှိကြောင်း လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်နေရာ ယှဉ်ပြိုင်ရေးတွင် စည်းရုံးပြောကြားခဲ့သည်။

အီတလီနိုင်ငံသည် လစ်ဗျားနိုင်ငံအား ဝရုန်းသုန်းကားအခြေအနေမှ ဆွဲထုတ်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးနှင့် အခြားကမ္ဘာ့အဆင့်ခုံရုံးများ ရှိသည့် ဆွီဒင်နိုင်ငံက နိုင်ငံတကာတရားစီရင်ရေးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly