ထိုင်းနိုင်ငံတွင် ဒေါ်လာပေါင်းများစွာဖြင့် ဝယ်ယူခဲ့သော ဗုံးရှာကိရိယာတုများနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများက အရေးဆို

ထိုင်းနိုင်ငံတွင် ဒေါ်လာပေါင်းများစွာဖြင့် ဝယ်ယူခဲ့သော ဗုံးရှာကိရိယာတုများနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများက အရေးဆို

ထိုင်းနိုင်ငံက ဝယ်ယူထားသည့် ဒေါ်လာသန်းပေါင်းများစွာပေးရသော ဗုံးရှာဖွေရေးကိရိယာတုများကြောင့် အပြစ်မဲ့သူများပါ အဖမ်းခံရမှုများရှိနေရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် များကို ဗြိတိန်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသို့ လက်လွှဲပေးအပ်ရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းတောင်းဆိုသည်။

ဗြိတိန်နိုင်ငံက ပစ္စည်းအတုလုပ်ကြသူများဖြစ်သည့် ဂါရီဘောတန်နှင့် ဂျိမ်းကော်မစ်တို့က ဖေါက်ခွဲရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို မီတာရာပေါင်းများစွာ အဝေးမှပင် ထောက်လှမ်းနိုင်သည်ဆိုသော GT200 ကိရိယာများကို အတုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ၎င်းနှစ်ဦးလုံး အဖမ်းခံခဲ့ရသည်။

GT200 ကိရိယာများကို အသုံးမဝင်သော အိမ်လုပ်ပလတ်စတစ်သေတ္တာဘူးနှင့် ဒေါ်လာအနည်းငယ်သာ တန်သော ရေဒီယိုအင်တာနာတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ထိုင်းအပါအဝင် မက္ကဆီကိုနှင့် အီရတ်နိုင်ငံက အစိုးရများထံ ကိရိယာတစ်စုံကို အမေရိကန်ဒေါ်လာ ၃၃၀၀ နှင့် ၁၃၀၀၀ ကြားဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုင်းဒီမိုကရေစီအတိုက်အခံ ရှပ်နီခေါင်းဆောင် ဂျက်တူပွန်က ဘန်ကောက်က ဗြိတိန်သံရုံးသို့ အဆိုပါကိရိယာများ အရောင်းအဝယ်စာချုပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးအပ်ရန် ဇွန် ၂၇ ရက်က စာရေးသားတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရသို့ GT200 ကိရိယာများ ရောင်းချခြင်းနှင့် အဖိုးအခစာချုပ်စာတမ်းပါ အချက်အလက်တို့နှင့် ပတ်သက်ပြီး ဗြိတိန်အစိုးရအနေဖြင့် ထုတ်ပြန်ပေးသင့်ကြောင်း ရှပ်နီခေါင်းဆောင် ဂျက်တူပွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly