ရလဒ်ဆိုးများကြောင့် ရခိုင်ယူနိုက်တက်အသင်း နည်းပြ အပြောင်းအလဲပြုလုပ်

ရလဒ်ဆိုးများကြောင့် ရခိုင်ယူနိုက်တက်အသင်း နည်းပြ အပြောင်းအလဲပြုလုပ်
ရလဒ်များဆိုးရွားနေသည့် ရခိုင်ယူနိုက်တက်အသင်း။(ဓာတ်ပုံ- ရခိုင်ယူနိုက်တက်)

ဇွန် ၂၇၊ ရန်ကုန် ။               ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းရလဒ်ဆိုးများကြောင့် နည်းပြချုပ် ဦးအောင်ဇော်မျိုးကို လက်ထောက်နည်းပြရာထူးသို့ လျှော့ချခဲ့ပြီး လက်ထောက်နည်းပြနှစ်ဦးဖြစ်သော ဦးညွန့်ဝင်းနှင့် ဦးကြည်သိန်းတို့ကို ရာထူးမှထုတ်ပယ်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းမှာ မြန်မာနေရှင်နယ်လိဂ် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၀သို့ရောက်ရှိနေကာ တန်းဆင်းဇုန် အတွင်းမှ ဆောက်သမ်းအသင်းနှင့် တစ်မှတ်သာကွာဟတော့သည်။

ရခိုင်အသင်းထုတ်ပြန်ချက်တွင် ယခုနှစ်ဘောလုံးရာသီ၌ အသင်းကို ငွေကြေးအကုန်အကျခံပြင်ဆင်ထားခြင်းမှာ တန်းဆင်းဇုန်အတွင်းရုန်းကန်ရန်မဟုတ်ပဲ အလယ်အလတ်အဆင့်တွင် ရပ်တည်နိုင်ရန်ရည်ရွယ်ထားသည့်အတွက် နည်းပြအဖွဲ့အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် နည်းပြချုပ် ဦးအောင်ဇော်မျိုးနေရာတွင် အစားထိုးရန် နည်းပြချုပ်တစ်ဦးကို တစ်ပတ်အတွင်း ခန့်အပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly