ဒေါ့တ်မွန်ကွင်းလယ်လူ အမ်ခီတာရန်နှင့် မန်ယူတို့ သဘောတူညီမှုရ

ဒေါ့တ်မွန်ကွင်းလယ်လူ အမ်ခီတာရန်နှင့် မန်ယူတို့ သဘောတူညီမှုရ

ဇွန် ၂၇၊ အင်္ဂလန် ။               ။ မန်ယူအသင်းသည် ဒေါ့တ်မွန်အသင်းမှ အာမေးနီးယားကွင်းလယ်ကစားသမား အမ်ခီတာရန်ကို ပြောင်းရွှေ့ကြေးပေါင် ၂၆ ဒသမ ၃ သန်းဖြင့် ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း sky sports က ဖော်ပြသွားခဲ့သည်။

အမ်ခီတာရန်၏အေးဂျင့်နှင့် မန်ယူတို့ ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှု ရခဲ့ကြကာ လာမည့်အပတ်အတွင်း ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု အဆိုပါသတင်းက ဆိုသည်။
နည်းပြသစ် မော်ရင်ဟို၏လက်ထက်တွင် မန်ယူတို့ ခေါ်ယူလိုသည့်ကစားသမားစာရင်း၌ အမ်ခီတာရန်မှာ ထိပ်ဆုံးမှ ပါဝင်နေခြင်း ဖြစ်သည်။

အမ်ခီတာရန်သည် ပြီးခဲ့သည့်ရာသီက ဒေါ့တ်မွန်အသင်းအတွက် ပြိုင်ပွဲစုံတွင် ၂၃ ဂိုးသွင်းယူပေးခဲ့ပြီး ဘွန်ဒက်စ်လီဂါ၏ အကောင်းဆုံးကစားသမားဆုကို ရခဲ့သူ ဖြစ်သည်။
အာမေးနီးယားအသင်းအတွက် ၅၉ ပွဲတွင် ၁၉ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

မန်ယူနည်းပြသစ်မော်ရင်ဟိုသည် ကစားသမားများစွာကို ချိတ်ဆက်နေပြီး ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကိုလည်း လာမည့်အပတ်တွင် ဆေးစစ်ဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။
Ref; စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly