ဖလူဂျာမြို့က အိုင်အက်စ်နောက်ဆုံးခံတပ်အား အီရတ်တပ်များ သိမ်းပိုက်

ဖလူဂျာမြို့က အိုင်အက်စ်နောက်ဆုံးခံတပ်အား အီရတ်တပ်များ သိမ်းပိုက်

ဘဂ္ဂဒက်၊ ဇွန် ၂၆ ။              ။ အီရတ်နိုင်ငံ ဖလူဂျာမြို့ရှိ အိုင်အက်စ်တို့၏ နောက်ဆုံးအမာခံနယ်မြေကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း အီရတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ဖလူဂျာမြို့သိမ်း စစ်ဆင်ရေးဆင်နွဲနေသည့် တန်ပြန်အကြမ်းဖက်ဖြိုခွင်းရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် အဗ္ဗဒူဝါဟတ်က ၎င်း၏ တပ်များက အိုင်အက်စ်လက်အောက်ကျရောက်နေဆဲ    နောက်ဆုံးနယ်မြေဖြစ်သော အနီးရှိ အနောက်မြောက်ပိုင်း ဂိုလန်မြို့သို့ ဦးတည်ဝင်ရောက်ပြီဖြစ်ကြောင်း ပြောသည်။

ဖလူဂျာမြို့တစ်ခုလုံး လုံးလုံး လွတ်မြောက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

အိုင်အက်စ်တို့က ဖလူဂျာမြို့ကို ၂၀၁၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

ဖလူဂျာမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး ယခုလအစောပိုင်းက မြို့ကောင်စီအဆောက်အအုံတွင် အီရတ်တပ်ဖွဲ့များက နိုင်ငံတော် အလံလွှင့်ထူနိုင်ခဲ့သည့်အထိ အောင်မြင်မှုများ ရချိန် ဝန်ကြီးချုပ် အဘာဒီက ရန်သူ့လက်အောက်က မြို့လွတ်မြောက်ရေးအဖြစ် ကောင်းချီးပေးခဲ့သည်။

ယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သွေးကြွအိုင်အက်စ်တိုက်ခိုက်ရေးသမား အနည်းဆုံး ၁၈၀၀ နီးပါးကို သုတ်သင်ခဲ့ကြောင်း ဗိုလ်ချုပ် အဗ္ဗဒူဝါဟတ်က ပြောသည်။

ဝန်ကြီးချုပ် အဘာဒီက ဖလူဂျာမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်တပ်စစ်ဆင်ရေးများကို မေလအတွင်းက စတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly