ကွာရက်စ်မာရဲ့ အချိန်ပို နောက်ကျ သွင်းဂိုးနဲ့ ပေါ်တူဂီ ကွာတားတက်

ကွာရက်စ်မာရဲ့ အချိန်ပို နောက်ကျ သွင်းဂိုးနဲ့ ပေါ်တူဂီ ကွာတားတက်

အချိန်ပိုမှာ ရီကာဒို ကွာရက်စ်မာရဲ့ နောက်ကျသွင်းဂိုးနဲ့ ပေါ်တူဂီတို့ ခရိုအေးရှားကို အနိုင်ရရှိပြီး ယူရို ၂၀၁၆ ကွာတားဖိုင်နယ်မှာ ပိုလန်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီပွဲမှာ ခရိုအေးရှားနဲ့ ပေါ်တူဂီ နှစ်သင်းစလုံး မိနစ် (၉၀)အတွင်းမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိဘဲ တစ်ပွဲလုံး နှစ်သင်းပေါင်း ဂိုးပေါက်တည့်မှု (၃) ကြိမ်သာ ရှိပါတယ်။

အချိန်ပိုဆက် ကစားကြရာမှာလည်း ပထမပိုင်း (၁၅) မိနစ်အတွင်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ပဲ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပို မှာ ခရိုအေးရှားအသင်းက အခွင့်အရေးတချို့ရခဲ့ပေမယ့် ပေါ်တူဂီပဲ ဂိုးသွင်းသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ခရိုအေးရှားဘက်က ဗီဒါနှင့် ဘရိုဇိုဗစ်တို့ရဲ့ ဂိုးတိုက် သွင်းယူမှုတွေ ဂိုးရဖို့ နီးစပ်ခဲ့ပြီး (၁၁၆) မိနစ်မှာ  ပါရီဆစ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိ ထွက်သွားခဲ့လို့ ပေါ်တူဂီတို့ ကံကောင်းခဲ့ပါတယ်။

ပွဲချိန်(၁၁၇) မိနစ်မှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် ရီနာတို ဆန်းချက်ဇ် တစ်ကိုယ်တော်ဆွဲသွားပြီး တိုက်စစ်ဆင်ရာကနေ ရော်နယ်လ်ဒိုရဲ့ ကန်သွင်းချက်ကို ခရိုအေးရှား ဂိုးသမား ဆူဘာရှစ် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်ပါလာတဲ့ ကွာရက်ဇ်မာက အနီးကပ် ခေါင်းတိုက်သွင်းပြီး အနိုင်ဂိုးရယူခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်မှာ ပိုလန်အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ပွဲပြီးရလဒ်
ခရိုအေးရှား ဝ-၁ ပေါ်တူဂီ
ကွာရက်ဇ်မာ - ၁၁၇မိနစ်

(ဓာတ်ပုံ - အီးပီအေ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly