အနာဂါတ်တွင် ချယ်လ်ဆီးမှထွက်ခွာဖွယ်ရှိဟု ကော့တွိုက်ဝန်ခံ

အနာဂါတ်တွင် ချယ်လ်ဆီးမှထွက်ခွာဖွယ်ရှိဟု ကော့တွိုက်ဝန်ခံ

ဇွန် ၂၅၊ ပြင်သစ်။            ။ အနာဂါတွင်ချယ်လ်ဆီးမှ ထွက်ခွာဖွယ်ရှိသည်ဟု ဂိုးသမားကော့တွိုက်က ဝန်ခံလိုက်ပြီး ပြောင်းမည့်အသင်းမှာမူ မသေချာသေး ကြောင်းပြောသည်။

အသက် ၂၄ နှစ်အရွယ်ကစားသမားသည် အက်သလက်တီကိုအသင်းတွင် သုံးရာသီကြာအငှားသွားမကစားမီ ၂၀၁၁ တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်ခဲ့သူဖြစ်သည်။

လာလီဂါနှင့် ပရီးမီးယားလိဂ်ဖလားရခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်သို့လည်းရောက်ရှိခဲ့ဖူးသည့် ကော့တွိုက်က အသင်းမှ ထွက်ခွာ ချင်သည့် ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်သေးသည့် အနေအထားဖြစ်သည်။

ချယ်လ်ဆီးတွင် ကစားသမားဘဝကုန်သည်အထိ ကစားမလားဆိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး ကော့တွိုက်က “ပြောဖို့ ခက်ပါ တယ်။ ဒီမှာ ကျွန်တော့်ကစားသမားဘဝ အဆုံးသတ်မယ်လို့ မထင်ဘူး။

အကြိုက်ဆုံးအသင်းတော့မရှိပါဘူး။ စပိန်မှာဆိုရင် ရီးယဲလ်၊ ဘာစီလိုနာပွဲတွေ ကြည့်ဖြစ်တယ်။ ဂျာမနီမှာ ဘိုင်ယန်နဲ့ ဒေါ့မွန်၊ အင်္ဂလန်မှာ အာဆင်နယ်၊ မန်ယူနဲ့ ချယ်လ်ဆီး၊ အီတလီမှာဆိုရင်တော့ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ပေါ့။

အကြိုက်ဆုံးအသင်းရယ်လို့မရှိပေမယ့် အဲဒီအသင်းတွေမှာ ကစားချင်စိတ်ကတော့ အမြဲရှိတယ်။ အဲဒီအသင်းတွေမှာ ကစားဖို့ ဆုံးဖြတ်စရာတော့မလိုပါဘူး။ ကျွန်တော်အမြဲတမ်းအလေးထားရတဲ့ အသင်းကောင်းချယ်လ်ဆီးမှာ ကစားနေတာပဲ။ ဒါပေမဲ့ စောင့်ကြည့်ရမှာပေါ့လေ”ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly