လိင်ပြောင်းထားသူများ စစ်မှုထမ်းခွင့် တားမြစ်ထားခြင်းအား အမေရိကန် ပယ်ဖျက်

လိင်ပြောင်းထားသူများ စစ်မှုထမ်းခွင့် တားမြစ်ထားခြင်းအား အမေရိကန် ပယ်ဖျက်

နယူးယောက်၊ ဇွန် ၂၅ ။             ။ အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းသူများ စစ်မှုထမ်းခွင့်ကို တားမြစ်ပိတ်ပင်ထားခြင်းအား လာမည့်လတွင် ပင်တဂွန်က ပယ်ဖျက်မည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

တားမြစ်စည်းကမ်းချက်က ခေတ်နှင့် မလျော်ညီတော့၍ စစ်တပ်အတွက် ထိခိုက်လာစေမည့်အရာသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပြောသည်။

ယခုကြေညာချက်ကို လိင်ပြောင်းသူများ အခွင့်အရေးလှုပ်ရှားသူများက ကြိုဆိုကြသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း အဲရစ်ဖန်နင်းသည်လည်း အမေရိကန်စစ်တပ်တွင် တာဝန်ယူသည့် ထိပ်တန်းအရပ်သားအရာရှိများ၌ လိင်တူဆက်ဆံသူဖြစ်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောခဲ့သည့် ပထမဆုံးသူဖြစ်သည်။

၂၀၁၁ ခုနှစ်အတွင်းက လိင်တူဆက်ဆံသူများအား စစ်မှုထမ်းခွင့် ပိတ်ပင်ထားခြင်းကို အမေရိကန်စစ်တပ်က အဆုံးသတ်ခဲ့သည်။

ယခုလိင်ပြောင်းသူများ စစ်မှုထမ်းခွင့် အတည်ဖြစ်ပြီးပါက စစ်သားသစ်စုဆောင်းရေးပေါ်လစီသစ်များ၊ တန်းလျားထားရှိပုံစံများနှင့် စစ်ယူနီဖောင်းများအတွက် လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly