တရုတ်နိုင်ငံ အရှေ့ခြမ်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၉၈ ဦး သေဆုံးခဲ့ဟု ဆို

တရုတ်နိုင်ငံ အရှေ့ခြမ်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၉၈ ဦး သေဆုံးခဲ့ဟု ဆို

ဇွန် ၂၄ ။             ။ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစု ပြည်နယ်တွင် ဇွန်လ ၂၃ ရက်က အားပြင်းသည့် လေနီကြမ်း ကျရောက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်ပိုင်း လူနေအိမ်များ ပြိုကျပျက်စီးခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်း ၉၈ ဦးထိ ရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အလားတူ အခြားလူပေါင်း ၈၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုတစ်ခုအပါအဝင် လေပြင်းများကျရောက်ခဲ့ခြင်း၊ မိုးကြီးခဲ့ခြင်းနှင့် မိုးသီးများ ကျရောက်ခဲ့ခြင်းတို့ကြောင့် အဆိုပါပြည်နယ်ရှိ ကျေးရွာအများစု ထိခိုက်ခံစားခဲ့ရပြီး နေအိမ်များ ပျက်စီးကာ သစ်ပင်ကြီးများလည်း ပြိုလဲခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံအရှေ့ပိုင်း ရန်ချောင် မြို့တွင် တိုက်ခတ်ခဲ့သော လေပြင်းမှာ တစ်နာရီကို ၁၂၅ ကီလိုမီတာ ရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

လေပြင်းမုန်တိုင်းနှင့် ရာစုဝက်နီးပါးအတွင်း အဆိုးရွားဆုံးလေဆင်နှာမောင်းတို့ကြောင့် လူပေါင်း ၂၀၀ ကျော်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုလည်း ဆိုသည်။ လေဆင်နှာမောင်းကြောင့် နေအိမ်တော်တော်များများ  ပြိုကျခဲ့ရသည်ဟု သိရသည်။

ကျန်းစုပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးကျရောက်ခဲ့ပြီးနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ရန် သမ္မတ ရှီကျင့်ဖျင်ကလည်း အမိန့်ထုတ်ပြန်သွားခဲ့သည်။

သေဆုံးသွားခဲ့ရသူများအများစု လေပြင်းများကြောင့် ပြိုကျခဲ့ရသည့် နေအိမ်အပျက်အစီးများအောက်ထဲတွင် ပိမိကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly