ဗြိတိန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ အီးယူမှ နုတ်ထွက်ရေး အနိုင်ရ

ဗြိတိန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ အီးယူမှ နုတ်ထွက်ရေး အနိုင်ရ

လန်ဒန်၊ ဇွန် ၂၄ ။              ။ ဗြိတိန်နိုင်ငံသမိုင်းတွင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ နှစ်ပေါင်း ၄၃ နှစ်ကြာပြီးနောက် ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးကို ၅၂ ရာခိုင်နှုန်းမဲပေးပြီး မနုတ်ထွက်ရေးက ၄၈ ရာခိုင်နှုန်းသာ မဲရလဒ်ရှိခဲ့သည်။

အီးယူတွင် ဆက်ရှိနေရေးကို လန်ဒန်နှင့် စကော့တလန်တို့တွင် ခိုင်ခိုင်မာမာမဲပေးကြသော်လည်း အင်္ဂလန်မြောက်ပိုင်းတွင် နုတ်ထွက်ရေးကို မဲပေးမှုများ ပိုများပြားသည်။

UKIP ပါတီခေါင်းဆောင် နီဂယ်ဟာရက်က ဗြိတိန်လွတ်လပ်ရေးနေ့အဖြစ် မဲရလဒ်ကို ကောင်းချီးပေးသည်။

မဲရလဒ်ကြောင့် ရိုက်ခတ်မှုအနေဖြင့် ဗြိတိန်ပေါင်ငွေကြေးက ၁၉၈၅ ခုနှစ်နောက်ပိုင်း ဒေါ်လာနှင့်ယှဉ်လျှင် အနည်းဆုံးသို့ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly