ယူရိုပြိုင်ပွဲလေးကြိမ်တွင် ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမား စီရော်နယ်ဒိုဖြစ်လာ

ယူရိုပြိုင်ပွဲလေးကြိမ်တွင် ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမား စီရော်နယ်ဒိုဖြစ်လာ

ဇွန် ၂၃၊ ပြင်သစ်။              ။ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် စီရော်နယ်ဒိုသည် ယူရိုပြိုင်ပွဲလေးကြိမ်ဆက်ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဟန်ဂေရီနှင့် သုံးဂိုးစီသရေကျခဲ့သည့်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲ၌ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

ရော်နယ်ဒိုအနေဖြင့် ဟန်ဂေရီအသင်း၏ ဦးဆောင်မှုများကို ချေပဂိုးများလိုက်သွင်းပြီး အကြိမ်ကြိမ်ချေဖျက်ခဲ့ရခြင်းဖြစ်သည်။

ပေါ်တူဂီတိုက်စစ်မှူးသည် ယူရိုပြိုင်ပွဲတွင် ပထမဆုံးဂိုးကို လွန်ခဲ့သည့် ၁၂ နှစ်က ကစားခဲ့သော ဂရိနှင့်ပွဲတွင်သွင်းယူနိုင်ခဲ့သည်။ ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ယင်းယူရို ၂၀၀၄ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ ဂရိအသင်းဘက်သို့ နောက်ကျချေပ ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး ဂရိအသင်းက ၂-၁ ဂိုးဖြင့်နိုင်ကာ ချန်ပီယံဖြစ်ခဲ့သည်။

ယူရို ၂၀၀၈ ပြိုင်ပွဲတွင်လည်း တစ်ဂိုးသွင်းနိုင်ခဲ့ပြီး ယူရို ၂၀၁၂ ပြိုင်ပွဲတွင်မူ သုံးဂိုးသွင်းနိုင်ခဲ့ကာ ဂျာမနီတိုက်စစ်မှူးဂိုမက်ဇ်၊ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်တို့နှင့်အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly