တိုက်စစ်မှူးဆန်းချက်ဇ် ချီလီအသင်းနှင့် ပွဲ ၁၀၀ ပြည့်

တိုက်စစ်မှူးဆန်းချက်ဇ် ချီလီအသင်းနှင့် ပွဲ ၁၀၀ ပြည့်

ချီလီကြယ်ပွင့်ကစားသမားဆန်းချက်ဇ်သည် ကိုပါအမေရိကဖလားရာပြည့်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ်ကိုလံဘီယာကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့် ပွဲတွင် ချီလီအသင်းနှင့် ပွဲ ၁၀၀ ပြည့်သွားခဲ့သည်။

အာဆင်နယ်တိုက်စစ်မှူးအနေဖြင့် ကစားသမားဘဝမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သကဲ့သို့ ချီလီအသင်းမှာလည်း ကိုပါအမေရိက ဖလားကို ကာကွယ်ရန်အခွင့်ရေးရှိသွားခဲ့သည်။

ဆန်းချက်ဇ်သည် ပြီးခဲ့သည့်နှစ်ဗိုလ်လုပွဲတွင် အာဂျင်တီးနားကိုအနိုင်ရခဲ့သည့် ကိုပါအမေရိကဖလားပြိုင်ပွဲတွင်လည်း အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်သည်။

၂၀၀၆ ဧပြီ ၂၇ တွင် နယူးဇီလန်နှင့်ကစားသောပွဲမှ စတင်ပြီး ချီလီအသင်းနှင့်ပွဲထွက်ခွင့်ရခဲ့သည့် ဆန်းချက်ဇ်သည် လက်ရှိတွင် ၃၄ ဂိုးသွင်းထားပြီး ဂိုးသွင်းအများဆုံးကစားသမား ဆာလက်စ်၏နောက်၌ ဇာမိုရာနိုနှင့်အတူ ပူးတွဲရပ်တည်လျှက်ရှိသည်။

ချီလီလက်ရွေးစင်ကစားသမား ဘရာဗိုပြီးနောက် ဒုတိယမြောက်ပွဲ ၁၀၀ ပြည့် ကစားသမားဖြစ်လာသည့် အသက် ၂၇ နှစ်အရွယ် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်းကလည်း တွစ်တာမှတစ်ဆင့် ဂုဏ်ပြုခဲ့သည်။

ချီလီအသင်းမှာ ကိုပါအမေရိကရာပြည့်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း အာဂျင်တီးနားအသင်းနှင့်ပင် ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly