ဒေါ့တ်မွန်ကွင်းလယ်လူ အမ်ခီတာရန်ကို မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်း

ဒေါ့တ်မွန်ကွင်းလယ်လူ အမ်ခီတာရန်ကို မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်း

ဇွန် ၂၂၊ အင်္ဂလန် ။                  ။ မန်ယူအသင်းသည် ဒေါ့တ်မွန်ကွင်းလယ်ကစားသမား အမ်ခီတာရန်ကို ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီ ဖြစ်သည်။ မန်ယူအသင်းက အမ်ခီတာရန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၉ ဒသမ ၃ သန်းဖြင့် ပထမအကြိမ်ကမ်းလှမ်းခဲ့သည်ကို ဒေါ့တ်မွန်အသင်းက ပယ်ချခဲ့သည့်အတွက် ယခု ပေါင် ၂၆ သန်းဖြင့် ထပ်မံကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အမ်ခီတာရန်သည် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးပြီး ဒေါ့တ်မွန်အသင်းက ၎င်းကို ရောင်းချမည်မဟုတ်ဟု ကြေညာထားသည်။

အမ်ခီတာရန်၏ အေးဂျင့် ရွိုင်အိုလာကမူ အပြောင်းအရွှေ့ဖြစ်မြောက်လာရန်ကြိုးပမ်းလျက်ရှိသည်။ ဒေါ့တ်မွန်အသင်းမှာ မန်ယူ၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားသော်လည်း အမ်ခီတာရန်၏နေရာတွင် ဝုဖ်ဘတ်တိုက်စစ်ကစားသမား ရှရယ်နှင့်အစားထိုးရန် ဆွေးနွေးနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အမ်ခီတာရန်သည် ဒေါ့တ်မွန်နည်းပြဟောင်း ဂျာဂင်ကလော့ပ်၏ လက်ထက်တွင် ခြေစွမ်းမပြနိုင်သော်လည်း နည်းပြသစ် တူချယ်၏လက်အောက်တွင် ပြန်လည်ခြေစွမ်းပြလာသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly