အသက်မပြည့်သေးသူများအား စစ်သားအဖြစ် စုဆောင်းမှုအတွက် အရာရှိအပါအဝင် စစ်သည်တပ်သား ၃၈၂ ဦးကို အပြစ်ပေး

အသက်မပြည့်သေးသူများအား စစ်သားအဖြစ် စုဆောင်းမှုအတွက် အရာရှိအပါအဝင် စစ်သည်တပ်သား ၃၈၂ ဦးကို အပြစ်ပေး

ကလေးစစ်သား စုဆောင်းမှုအတွက် တပ်မတော်အရာရှိ ၇၃ ဦးအပါအဝင် စစ်တပ်အမှုထမ်း ၃၈၂ ဦးကို အပြစ်ပေးအရေးယူထားကြောင်း တပ်မတော် ကလေးစစ်သားကာကွယ်တားဆီးရေးကော်မတီက ဇွန် ၂၁ ရက်က ပြောကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မတ်လအတွင်းက မှားယွင်းကာ အသက်မပြည့်သေးဘဲ တပ်ထဲရောက်လာသူ ကလေးစစ်သား ၄၆ ဦးကိုလည်း တပ်မတော်က ပြန်လွှတ်ပေးခဲ့သည်။

ကော်မတီက ထုတ်ပြန်ရာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၂ ခုနှစ်မှစကာ ကလေးစစ်သား ၇၄၄ ဦးအား မိသားစုထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။

၂၀၁၂ ဇွန်လအတွင်း မြန်မာအစိုးရက အသက် ၁၈ အောက် ကလေးငယ်များအား စစ်သားအဖြစ်စုဆောင်းခြင်း၊ စစ်တပ်အတွင်း စစ်မှုထမ်းအဖြစ် အသုံးပြုခြင်းများကို ကာကွယ်တားဆီးရန်နှင့် ပပျောက်စေရန် ကုလသမဂ္ဂနှင့် Joint Action Plan ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly