လစ်ဗျားတွင် စျေးဝယ်ပြီးငွေမပေးရာမှ ပြည်သူ့စစ်များနှင့် ဒေသခံများ အချင်းများ၊ ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ လူ ၂၅ ဦးသေဆုံး

လစ်ဗျားတွင် စျေးဝယ်ပြီးငွေမပေးရာမှ ပြည်သူ့စစ်များနှင့် ဒေသခံများ အချင်းများ၊ ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ လူ ၂၅ ဦးသေဆုံး

ထရီပိုလီ၊ ဇွန် ၂၂ ။              ။ လစ်ဗျားနိုင်ငံတွင် ဈေးဆိုင်တစ်ဆိုင်က စသည့် အငြင်းပွားမှုတစ်ရပ်က အရှိန်မြှင့်လာပြီးခဲ့နောက်ပိုင်း ထရီပိုလီမြို့အနီးက ဂါရာဘူလီမြို့တွင်   ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကာ လူပေါင်း အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့သည်။

မီစရာတာမြို့မှ ပြည်သူ့စစ်များနှင့် ဒေသခံများကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားပြီးနောက် ဂါရာဘူလီမြို့တွင် ယခုကဲ့သို့ မည်သည့်ကြောင့် ပေါက်ကွဲမှန်း သေချာမသိရသည့် ပေါက်ကွဲမှုဖြစ်ကာ လူသေဆုံးခြင်းဖြစ်သည်။

ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ခြင်းဟု တာဝန်ရှိသူများက ပြောသော်လည်း ဒေသခံတစ်ဦးက မီးရှုးမီးပန်းဗျောက်အိုးများ တင်ဆောင်သည့် လော်ရီကား ပေါက်ကွဲခြင်းဖြစ်သည်ဟု ဘီဘီစီသို့ပြောသည်။

ဆာတီမြို့အရှေ့ပိုင်းတွင် အိုင်အက်စ်သစ္စာခံစစ်သွေးကြွများနှင့် တိုက်ခိုက်မှုများဖြစ်၍ အစိုးရထောက်ခံသော တိုက်ခိုက်ရေးသမား ၃၀ သေဆုံးသည်။

ယခု ပြည်သူ့စစ်များနှင့် ဒေသခံပြည်သူများကြား အချင်းများမှုများက မီစရာတာမြို့က စတင်ခဲ့ခြင်းဖြစ်သည်။ ကုန်စုံဆိုင်တစ်ဆိုင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လာရောက်ပစ္စည်းများ ဝယ်ယူပြီးနောက် ပိုက်ဆံပေးရန် ငြင်းဆန်ရာမှ စတင်ဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ရှင်က ၎င်းကို ပစ်သတ်ခဲ့ရာမှ ပြည်သူ့စစ်များက လက်တုံ့ပြန်ကာ ဆိုင်အား မီးရှို့ခဲ့သလို အနားက ဆိုင်ရှင်မိသားစုနေအိမ်ကိုပါ မီးရှို့ခဲ့ရာမှ ပဋိပက္ခထိပ်တိုက်တွေ့မှုများ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

လက်နက်ရှိသည့် ဒေသခံများ ယင်းသို့ တိုက်ခိုက်မှုများကို ဆန့်ကျင်ကာ ပြည်သူ့စစ်များ မြို့တွင်းရှိနေခြင်းကိုလည်း မလိုလားကြောင်း ကန့်ကွက်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly