နိုင်ငံတွင် လက်နက် ထိန်းချုပ်ကန့်သတ်သွားမည့် အစီအစဉ်များကို အမေရိကန် အထက်လွှတ်တော် ပယ်ချ

နိုင်ငံတွင် လက်နက် ထိန်းချုပ်ကန့်သတ်သွားမည့် အစီအစဉ်များကို အမေရိကန် အထက်လွှတ်တော် ပယ်ချ

ဇွန် ၂၁ ။              ။ အမေရိကန်နိုင်ငံတွင် အကြမ်းဖက်မှု စောင့်ကြည့်စာရင်းထဲ၌ ပါဝင်နေသူများကို လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် လက်နက်ပိုင်ဆိုင်မှုကို ပိုမိုတင်းကျပ်ထိန်းချုပ်သွားမည့် အစီအစဉ်များကို ဆီးနိတ်လွှတ်တော်က ပယ်ချသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖလော်ရီဒါပြည်နယ်ရှိ ဂေးနိုက်ကလပ်တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၉ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတွင် လက်နက်ထိန်းချုပ်ကန့်သတ်ရေးဆိုင်ရာ အဆိုပြုချက်လေးခုကို ဆီးနိတ်လွှတ်တော်သို့ တင်ပြလာခဲ့ခြင်းဖြစ်သည်။

သို့သော် အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်နှင့် ရီပတ်ပလစ်ကန် အမတ်များက ၎င်းတို့ ကိုယ်စီပါတီတို့၏ ရပ်တည်ချက်သဘောထားများအတိုင်း ရပ်တည်မဲပေးသွားခဲ့ကြပြီး တင်ပြလာသည့် အဆိုပြုချက်များကို အပြန်အလှန် ပယ်ချသွားခဲ့ကြသည်။

အလားတူ အနာဂတ်ကာလတွင် အကြမ်းဖက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွားမလာရေး မည်ကဲ့သို့ တားဆီးကာကွယ်ရမည်နှင့်ပတ်သက်၍ လွှတ်တော်အမတ်များအကြား သဘောထားကွဲလွဲခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly