ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် အိမ်ဖြူတော်သို့ သွားရောက်

ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် အိမ်ဖြူတော်သို့ သွားရောက်

ဝါရှင်တန်၊ ဇူလိုင် ၇ ။     ။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲကို အိမ်ဖြူတော်ရှိ ရုံးခန်းတွင် ဇူလိုင် ၇ တွင် လက်ခံတွေ့ဆုံမည်ဖြစ်ရာ တစ်ပါတီအုပ်စိုးသည့်နိုင်ငံမှ ရွေးကောက်ခံ မဟုတ်သည့် ခေါင်းဆောင် တစ်ဦးကို ထူးထူးခြားခြားတွေ့ဆုံခြင်းဖြစ်၍ အမေရိကန်ဥပဒေပြုအမတ်အချို့ကို ထိတ်လန့်အံ့သြစေခဲ့သည်။

ဗီယက်နမ်စစ်ပွဲအတွင်း ဆိုင်ဂုံကျပြီး နှစ် ၄၀ အကြာ၊ ရန်သူဟောင်းနှစ်နိုင်ငံကြား သံတမန်ဆက်သွယ်မှုပြန်လုပ်ပြီး နှစ် ၂၀ အကြာ အိုဘားမားသည် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူထရောင်ကို လက်ခံတွေ့ဆုံမည်ဖြစ်သည်။

ထရောင်သည် အမေရိကန်နှင့် အိမ်ဖြူတော်သို့ လာရောက်သည့် ပထမဆုံးဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေအထွေအတွင်းရေး မှူးဖြစ်လာမည်ဖြစ်သည်။ သမ္မတဟောင်း ဘီလ်ကလင်တန်သည် ဗီယက်နမ်နှင့် ပုံမှန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၂၀၀၀ပြည့်နှစ် က ဗီယက်နမ်သို့ သမိုင်းဝင်ခရီးစဉ်သွားရောက်ခဲ့သည်။

အာရှအပေါ်စူးစိုက်သည့် နိုင်ငံခြားရေးပေါ်လစီကို ဆုပ်ကိုင်ထားသော အိုဘားမားအစိုးရအဖွဲ့သည် ဗီယက်နမ်နှင့် ဆက်ဆံရေး ခိုင်မာရန်လည်း ပြတ်ပြတ်သားသားကတိပြုထားသည်။ တရုတ်က ဗီယက်နမ်၏ နယ်နမိတ်အနီးအထိ

၎င်း၏ သြဇာကိုပိုမိုဖြန့်ကျက်လာချိန်တွင် ဗီယက်နမ်ကလည်း အမေရိကန်နှင့် စစ်ရေးစီးပွားရေးဆက်ဆံမှုပိုမိုပြုလုပ်ရန် စိတ်အား ထက်သန်လျက်ရှိသည်။

သို့သော်လည်း ထရောင်၏ ခရီးစဉ်က ဝေဖန်မှုများကိုလည်းဖြစ်ပေါ်စေခဲ့သည်။ ထရောင်ကို ဖိတ်ကြားမှုသည် ဗီယက်နမ်၏ လူ့အခွင့်အရေးမှတ်တမ်းများကြောင့် မှားယွင်းသည့် သတင်းစကားပေးပို့မှုဖြစ်ကြောင်း ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကင် ပါတီနှစ်ခုစလုံးမှ အဖွဲ့ဝင်များစွာက သမ္မတသို့ပေးသော အိတ်ဖွင့်ပေးစာတစ်စောင်တွင် ဖော်ပြထားသည်။

ထရောင်နှင့် အိုဘားမားတို့သည် အမေရိကန်က ဗီယက်နမ်အပေါ် လက်နက်ရောင်းချမှုပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ဆွေးနွေးဖွယ်ရှိသည်။

အောက်တိုဘာလက ဗီယက်နမ်အပေါ်ပိတ်ဆို့မှုကို တစ်စိတ်တစ်ပိုင်းရုပ်သိမ်းပေးကြောင်း ဝါရှင်တန်က ကြေညာခဲ့ပြီး ပင်လယ်ရေကြောင်းကာကွယ်ရေးလက်နက်ကိရိယာများကို ရောင်းချခွင့်ပြုခဲ့သည်။လက်နက်ရောင်းချမှုမှာ ဗီယက်နမ်၏ လူ့အခွင့်အရေးအခြေအနေနှင့် ဆက်စပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာ အကြီးတန်းအရာရှိတစ်ဦးက ပြောကြား ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly