ယူရို ၂၀၁၆တွင် ပရိသတ်များသောင်းကျန်းမှု ပိုမိုမြင့်တက်လာ

ယူရို ၂၀၁၆တွင် ပရိသတ်များသောင်းကျန်းမှု ပိုမိုမြင့်တက်လာ

ဇွန် ၂၀၊ ရန်ကုန် ။                 ။ ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသော ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပရိသတ်များဆူပူသောင်းကျန်းမှုမှာ ပြိုင်ပွဲအရှိမြင့်လာသည်နှင့်အမျှ ပိုမိုဆိုးရွားလာသည်။

လက်ရှိအချိန်တွင် ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး တူရကီ၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီအသင်းတို့မှာ ကွင်းအတွင်း မီးရှုးမီးပန်းများပစ်ဖောက်ခြင်း၊ ကွင်းအတွင်းပရိသတ်ဝင်လာခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကြောင့် အရေးယူဖွယ်ရှိနေသည်။

ယူရို ၂၀၁၆ပြိုင်ပွဲတွင် အုပ်စုအဖွင့်ပွဲစဉ်များစတင်ချိန်ကတည်းက ပရိသတ်များသောင်းကျန်းမှုနှင့်ရင်ဆိုင်ခဲ့ရပြီး အင်္ဂလန်နှင့်ပွဲတွင် မီးရှုးများပစ်ဖောက်ကာ အင်္ဂလန်ပရိသတ်များကို တိုက်ခိုက်ခဲ့သည့် ရုရှပရိသတ်များကြောင့် ယူအီးအက်ဖ်အေက ရုရှအသင်းကို ဒဏ်ကြေး ယူရို တစ်သိန်းခွဲနှင့် ဆိုင်းငံ့ထုတ်ပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly