သူလျှိုမှုဖြင့် အယ်လ်ဂျာဇီးယားသတင်းထောက်နှစ်ဦးအပါအဝင် ခြောက်ဦးကို အီဂျစ်တရားရုံးက သေဒဏ်ချ

သူလျှိုမှုဖြင့် အယ်လ်ဂျာဇီးယားသတင်းထောက်နှစ်ဦးအပါအဝင် ခြောက်ဦးကို အီဂျစ်တရားရုံးက သေဒဏ်ချ

ဇွန် ၂၀ ။        ။ နိုင်ငံတွင် သူလျှိုလာရောက်ထောက်လှမ်းမှုဖြင့် အယ်လ်ဂျာဇီးယား သတင်းထောက်နှစ်ဦးအပါအဝင် ခြောက်ဦးအား ဇွန်လ ၁၉ရက်၌ အီဂျစ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခု သေဒဏ်ချမှတ်ခံရသူ ခြောက်ဦးမှာ ယခင် အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီနှင့် ၎င်း၏ လက်ထောက်များနှင့်အတူ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်များ ကာတာနိုင်ငံဆီသို့ ပေါက်ကြားစေခဲ့ သည်ဟု စွပ်စွဲခံထားရသူများဖြစ်ကြသည်။

" ကာတာ သူလျှိုမှု" ဟု အမည်တပ်ထားသည့် ယခုအမှုကိစ္စတွင် ဇွန်လ ၁၉ ရက်၌ အီဂျစ်တရားရုံးက အထက်ပါအတိုင်း ခြောက်ဦးကို သေဒဏ်ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။

အထက်ပါ ခြောက်ဦးထဲတွင် ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနမှ သတင်းထောက်နှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အလားတူ ယခု ပြစ်ဒဏ်စီရင်ချက်အပေါ် ကန့်ကွက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ထုတ်ပြန်သွားခဲ့သည်။

" ဒီစီရင်ချက်ဟာ တရားမျှတခြင်းမရှိပါဘူး၊ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ခွင့်နဲ့လည်း ဆန့်ကျင်နေပါတယ်၊ ဒီလိုချမှတ်လိုက်တာက လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ပိတ်ပင်ဖို့ ကြိုးပမ်းတာလို့ ကျွန်တော်တို့ဘက်က ယုံကြည်ပါတယ်" ဟု ယင်းဌာနက ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly