အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ အသေခံဗုံးခွဲမှုကြောင့် ၁၄ ဦးသေဆုံး

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ အသေခံဗုံးခွဲမှုကြောင့် ၁၄ ဦးသေဆုံး

ဇွန် ၂၀ ။            ။ အာဖဂန် နစ္စတန် မြို့တော် ကာဘူးလ်တွင် ဇွန်လ ၂၀ ရက် အစောပိုင်းက မီနီဘတ်စ်တစ်စီး အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံးပြီး အခြား ရှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တာလီဘန် အသေခံဖောက်ခွဲရေးသမားတစ်ဦး ဖောက်ခွဲမှုကြောင့် နီပေါမှ လုံခြုံရေးတာဝန်ရှိသူများလိုက်ပါလာသော မီနီဘတ်စ်ကား ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အာဖဂန် ရဲများက ပြောသည်။
နိုင်ငံတွင် မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားနေချိန်တွင် ယခု နောက်ဆုံးဖြစ်လာခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုကို ကြည့်လျင် အစိုးရအဖွဲ့ ၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ များပြားလွန်းနေသည်ကို တွေ့မြင်ခဲ့ရသည်။

မီနီဘတ်စ်ကား ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ၁၄ ဦးသေဆုံးသွားကြောင်းနှင့် ရှစ်ဦးဒဏ်ရာရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆီဒစ်ချီက ဆိုသည်။ သေဆုံးသွားသူများကို အတည်ပြုဖော်ထုတ်နိုင်ရန် ရဲများက လုပ်ဆောင်နေလျက်ရှိကြောင်း ၎င်းက ပြောသည်။

ယခုဖြစ်စဉ်တွင် သေဆုံးသွားသူများမှာ အာဖဂန်နှင့် နီပေါနိုင်ငံတို့မှ လုံခြုံရေးအရာရှိများ ဖြစ်ရန်များနေကြောင်း ကာဘူးလ်မြို့ ရဲအရာရှိချုပ် အဘဒူလ် ရက်မန် ရာဟီမီက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly