မက္ကဆီကို ကျောင်းဆရာသပိတ်တွင် ရဲနှင့် ထိပ်တိုက်တွေ့၍ သုံးဦးသေဆုံး

မက္ကဆီကို ကျောင်းဆရာသပိတ်တွင် ရဲနှင့် ထိပ်တိုက်တွေ့၍ သုံးဦးသေဆုံး

မက္ကဆီကိုစီးတီး၊ ဇွန် ၂၀ ။               ။ မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွ်င ဆန္ဒပြကျောင်းဆရာဆရာမများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့၍ လူ သုံးဦးအနည်းဆုံးသေဆုံးသည်။ ရဲများအပါအဝင် ဒဏ်ရာရသူပေါင်းမှာ ၄၅ ဦးရှိသည်။

ပြုပြင်ပြောင်းလဲရေးအယူအဆရှိသာ CNTE သမဂ္ဂမှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦး အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းခံရပြီးနောက် အော့ဆာကာပြည်နယ်တွင် ဆန္ဒပြမှုများဖြစ်ပွားလာခြင်းဖြစ်သည်။

CNTE အဖွဲ့ဝင်များက ခေါင်းဆောင်များ အဖမ်းခံပြီးချိန်မှ နောက်ပိုင်း တောင်ပိုင်းမက္ကဆီကိုတွင် လမ်းများကို ပိတ်ဆို့ထားသည်။

လမ်းများ ရှင်းလင်းရေး ရဲများက ကြိုးစားစဉ် အမည်မသိ လက်နက်ကိုင်တစ်စုက ဆန္ဒပြသူများရော၊ ရဲများကိုပါ နှစ်ဖက်စလုံးကို ပစ်ခတ်ရာ ဝရုန်းသုန်းကားဖြစ်ပြီး ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ရှင်းလင်းရေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့များတွင် လက်နက်များ ပေးအပ်ထားခြင်းမရှိကြောင်း မက္ကဆီကို အမျိုးသားလုံခြုံရေးကော်မရှင်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly