စိတ်ကျန်းမာရေးဆေးရုံတစ်ရုံက ပေးတဲ့ အတွေး

စိတ်ကျန်းမာရေးဆေးရုံတစ်ရုံက ပေးတဲ့ အတွေး

ဇန်နဝါရီ။      ။ ရန်ကုန် “ရဲတိုက်ကို ခေါ်ပေးပါ ရဲတိုက်ကို ခေါ်ပေးပါ” လို့ဆိုတဲ့အသံက စိတ်ကျန်းမာရေးဆေးရုံကို စအဝင် ပထမခြေလှမ်းမှာတင် ကျွန်မ နားထဲကိုဝင်လာပါတော့တယ်။ အသံကြားရာနေရာ မျက်နှာ ချင်းဆိုင်ခုံတန်းတစ်ခုမှာ ကျွန်မထိုင်လိုက်ပြီး  အသံရှင်ကို မသိမသာ ကြည့်နေမိပါတယ်။

သူမ ရဲ့လက်မောင်းတစ်ဖက်ကို မိခင်ဖြစ်သူက  လက်နှစ်ဖက်နဲ့ ဆုပ်ြ့ပီး ကိုင်ထားပါတယ်။  အဖေဖြစ်ဟန်တူသူက “သမီးအိမ်မှာလိုမလုပ်ရဘူးလေ လိမ္မာတယ် ” ဟုဆိုကာ သူမရဲ့ကျောကိုလက်နဲ့သပ်ပြီး တတွတ်တွတ်နဲ့ပြောနေပါတယ်။

လူပုံပန်းက ခတ်၀၀၊ အသက် ၃၅ နှစ်ဝန်းကျင်ရှိြ့ပီး  အသားဖြူဖြူ၊ ဆွဲသားအကျီၤ အနီရောင်နဲ့ ဘောင်းဘီ  ခြေသလုံးတစ်ဝက် ဝတ်ဆင်ထားကာ ရူးဖိနပ် အသားရောင်ကို လိုက်ဖက်ညီအောင် ဝတ်ဆင်ထား ပါတယ်။

သူမက ရူးဖိနပ်ကို ချွတ်လိုက်ပြီး ကျွန်မတည့်တည့်ကို ခြေထောက်နဲ့ ကန်လိုက်ပါတယ်။  ဖိနပ်က ကျွန်မခြေထောက် ဘေးနားကို ရောက်လာပါတော့တယ်။ ဖိနပ်မရှိတဲ့ခြေဗလာနဲ့ သူမက ဖနောင့်ကို  သံမံတလင်းပေါ် တစ်ဖျတ်ဖျတ်နဲ့ ရိုက်နေရင်းက  သူမ မျက်လုံးများက ဆေးရုံအတွင်းသို့ ဝင်လာသူတစ်ယောက်ချင်းစီကို မော့ကြည့်လိုက် လက်အုပ်မိုးလိုက်နဲ့ ကန်တော့နေပြန်ပါတော့တယ်။
သိပ်မကြာလိုက်ပါ။ သူမရဲ့အပြုအမူများက မူမမှန်စ ပြုလာပါတော့တယ်။ သံမံတလင်းပေါ် အိပ်နေတဲ့ ခွေးကို သောက်လက်စ ရေဗူးနဲ့ ကောက်ပေါက်လိုက်ပြီး ပတ်ဝန်းကျင်ကို မျက်လုံးနှင့်ဝှေ့ကြည့်ချိန်   ကျွန်မနဲ့ အကြည့်ချင်းဆုံမိရာ မှ ကျွန်မက ရယ်ပြလိုက်ကာ ခေါင်းပြန်ငုံ့နေလိုက်ရပါတယ်။

အဲဒါတွေကတော့ ရန်ကုန်မြို့ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ ရောက်ရှိသွားတဲ့အခိုက် ကျမတွေ့လိုက်ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဆေးရုံကိုရောက်လာတဲ့ စိတ်ရောဂါရှင် အမျိုးသမီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်ခဲ့မိတဲ့အဖြစ်အပျက်ပါ။

ဇန်နဝါရီလနောက်ဆုံးအပတ် တနင်္ဂနွေနေ့ နေလည်ခင်းတစ်ခုမှာ  ဧက ၂၈၀ခန့် အကျယ်အဝန်း ရှိတဲ့စိတ်ကျန်းမားရေးဆေးရုံအတွင်း လူနာအသစ်စာရင်းသွင်းရန် စောင့်နေသူများရှိသလို တစ်ချို့ကတော့ ပတ်ဝန်ကျင်းမှာ လူရှိလို့ရှိမှန်းတောင် သိပုံမရ တစ်ယောက်ထဲထိုင်ပြီး အဝေးတစ်နေရာကို ကြည့်လျက် ပါးစပ်က တစ်တွတ်တွတ်ပြောနေတဲ့သူကပြော ၊ စက်ရုပ်လို လမ်းလျှောက်နေသူကလျှောက်နှင့် ဆေးရုံနှင့်မတူ သီးခြားကမ္ဘာထဲရောက်နေသလို ရှိနေကြပါတော့တယ်။

သည်ဆေးရုံတွင် လူနာ(၁၅၂၁)ဦး ရှိပြီး အမျိုးသား ၉၄၅ယောက်၊ အမျိုးသမီး  ၄၇၅ယောက် ကိုဆေးကုသပေးလျှက်ရှိပါတယ်။  စိတ်ရောဂါ အမျိုးအစားအလိုက် အမျိုးသားအဆောင် ၅ဆောင် ၊အမျိုးသမီး ၂ဆောင် စုစုပေါင်း  ၇ဆောင် ခွဲခြား ၍ ဆေးကုသပေးလျှက် ရှိပါတယ်။ ဆောက်လက်စ အဆောင်များဖြင့်  ပတ်ပတ်လည်တွင် တိုက်တန်းများ၊ ထမင်းစားဆောင်ငယ်များ တစ်ဆောင်နှင့်တစ်ဆောင်ကြား စြင်္ကန်လျှောက်ရန် ပတ်လမ်းများကိုလည်း တွေ့ရပါတယ်။

စိတ်ကျန်းမားရေးဆေးရုံအတွင်း  စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ကြွ စိတ်ကျရောဂါ၊ အရက်စွဲရောဂါ ၊ဆေးစွဲဆောင်၊ ဆေးဖြတ်ဌာန သုတေသနနှင့် ကုသရေးဌာန၊ မှုခင်းလူနာ ဌာနတွင်အမျိုးသားအဆောင်၊ အမျိုးသမီးအဆောင်၊  လူနာပိုင်ရှင်မဲ့လူနာဆောင်၊ အမျိုးသား အမျိုးသမီး၊ အထွေထွေ အခြားသော စိတ်ရောဂါ ကုသဆောင်၊ပြင်ပလူနာဌာန၊ အရေးပေါ်ကုသရေးဌာန များခွဲ၍ ကုသမှုများ ပြလုပ်ပေးလျှက် ရှိပါတယ်။

စိတ်ကျန်းမာရေးဆေးရုံကို လွန်ခဲ့တဲ့ ၅နှစ်က လူနာ ၆၀၀ခန့်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်နှစ်များတွင် စိတ်ကျန်းမားရေးဆေးရုံသို့ လူနာများ ပိုများလာခြင်းသည် လူမှုဘ၀ နှင့်သက်ဆိုင် သည်ဟု စိတ်ကျန်းမာရေးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြု ဝန်ထမ်းက  ရှင်းပြပါတယ်။

 “ဒီဆေးရုံကို ရောက်တဲ့လူနာက တစ်နေ့ထက်တစ်နေ့တိုးလာတာပဲရှိတယ် လျှော့သွားတာမရှိဘူး၊ ကျွန်တော်တို့ လူနာတွေက အပြင်ဆေးရုံမှာ ဆေးရုံတက်တဲ့ လူနာတွေနဲ့မတူကြဘူး၊ အပြင်မှာက ဆေးရုံတက်ရင် မိသားစုက ထမင်းချိုင့်လာပို့တယ်၊ လူနာစောင့်ပေးတယ်၊ကျွန်တော်တို့လူနာကျတော့ ဒီကိုထားပြီးရင် မိသားစုက လာကြည့်တာတောင်မဟုတ်တော့ဘူး၊ လူနာအနေနဲ့ မိသားစုကိုယ်တိုင်က စတင်ပြီးခွဲခြားဆက်ဆံတာ ခံလိုက်ရတယ် အဲဒါ အဓိက ပြဿနာပဲ” ဟု ယင်း သူနာပြုဝန်ထမ်းက သုံးသပ်ပြောဆိုပါတယ်။

စိတ်ရောဂါ ရရှိသူများကို  ကုသရာတွင် မိသားစုအနေနဲ့  “လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပြန်လည်သက်သာစေတဲ့ နေရာမှာသူတို့ အတွက် အရေးကြီးတယ်။ ဆေးရုံတင်တာထက် ကိုယ့်ရဲ့ အိုးအိမ် ကိုယ့်အသိုက်အမြုံထဲမှာပဲ ဆေးကုသမှု ခံယူတာက ပိုကောင်းတယ်ဟု” သင်္ကန်ကျွန်း စံပြဆေးရုံမှ စိတ်ရောဂါ အထူးကုဆရာဝန် ဒေါက်တာဆန်းလင်းက အကြုံပြုပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ဘိန်းနှင့်ဆက်စပ်သည့် မူးယစ်ဆေးများပြားလာပြီးနောက်ပိုင်းတွင် wyဆေးပြားနဲ့ အက်ဖက်တမင်းဆေး သုံးစွဲမှုနှုန်းထားက ဒေသအတွင်း မှလူငယ်များတင်မက  အသက်ကြီးသူများပါ သုံးစွဲလာမှုများကြောင့်စိတ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းအကြောင်းရင်း လည်းဖြစ်လာသည်ဟု  ဒေါက်တာဆန်းလင်းကပြောပါတယ်။

၂၀၀၅ - ၂၀၀၆ ခုနှစ်အတွင်း စိတ်ကျန်းမားရေးဆေးရုံတွင် တစ်နှစ်မှာ အမျိုးသမီး တစ်ယောက်လောက်သာ အရက်ဖြတ် ကြပါတယ်။ အရက်ဘီယာသောက်သုံးမှုနှုန်းက အရင်နှစ်တွေထက် မိန်းကလေးတွေ သောက်သုံးမှုနှုန်းမြင့်တက်လာပါတယ်။   

“ခုခေတ်မှာက မိန်းကလေးတွေကလည်း လမ်းဘေး အရက်ဆိုင် ဘီယာဆိုင်များမှာတွင် အရက်သောက်သုံးမှုမြင့်မားခြင်းကြောင့် စိတ်ရောဂါနဲ့ ဆိုင်တဲ့ ပြဿနာတွေလည်း မြင့်မားလာတယ်ဟု” ၎င်းကပြောပါတယ်။

၂၀၁၁ ခုနှစ်တွင် စိတ်ရောဂါကြောင့်သေဆုံးသူ လူအယောက် တစ်သိန်းတွင် ၁ ဒသမ ၈ရာခိုင်နှုန်း၊ ၂၀၁၂တွင် ၂ ဒသမ ၅ ရာခိုင်းနှုန်း၊ ၂၀၁၃ ခုနှစ်တွင်  ၃ ရာခိုင်နှုန်း ဖြင့် ကိုယ်ကိုယ်ကို သတ်သေမှုများ နှစ်အလိုက်ဖြစ်ပွားခဲ့သည်ဟု မှုခင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

“စိတ်ရောဂါသည် ၁၀၀ မှာ၊  ဆေးကုသမှုရရှိသူ ၅ယောက်နှုန်း ရရှိခဲ့တယ်။ ကျန် ၉၅ယောက်က ကုသမှု အခြေအနေများ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့် မယ်ဆိုရင်  ၉၅ ရာခိုင်နှုန်းရဲ့အထက်ဟာ ဆေးကုသမှု အခြေအနေ မပေးခဲ့ဘူးလို့ ဆိုနိုင်ပါတယ်လို့” လည်း ဒေါက်တာဆန်းလင်း က သုံးသပ်ပြောဆိုလိုက်ပါတယ်။

စိတ်ရောဂါရှိသူများက သူတို့ကိုသူတို့ စိတ်မနှံတဲ့ သူ စိတ်ရောဂါရရှိနေသူဆိုတာ လက်မခံကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူတို့ကို ဆက်ဆံတဲ့အခါ ရောဂါသည်လို့ကျွန်တော်တို့ ဆက်ဆံလို့ မရဘူး။ ပုံမှန်လူတစ်ယောက်လို့ပဲ သူတို့ကို ချိုချိုသာသာနဲ့ လူနာလို့မထားပဲ stress မပါဘဲ ပေါ့ပေါ့ပါးပါး လေးတွေသူတို့ကို ခိုင်းရတယ်။  လူဆိုတာက အလုပ်လုပ်နေတော့ သိပ်တွေးချိန်မ၇ှိတော့ဘူးလေဟု တာဝန်ကျသူနာပြုတစ်ဦးမှ ပြောပြခဲ့ပါတယ်။

လူနာများအနေဖြင့်ဆေးရုံကို ဘယ်လောက်ပဲတက်ရတက်ရ ဆေးရုံးမှာ နာတာရှည်ပဲဖြစ်ဖြစ်၊ သူတို့ကမပျော်ရွှင်ကြဘူး။ ဘယ်လိုပင် ပျော်အောင်ထားထား မပျော်ကြဘူး။ ကိုယ့် ပတ်ဝန်းကျင်းမှာသာ သူတို့ကပျော်ကြပါတယ်လို့ ဒေါက်တာဆန်းလင်းကဆိုပါတယ်။

စိတ်ရောဂါကုဆေးရုံဆိုတာ တကယ်တော့ ရောဂါရှင်များရဲ့ တစ်ဦးချင်းစီ သီးခြားကမ္ဘာတစ်ခုလိုပါပဲ။ သူတို့ဖြစ်ချင်တာ သူတို့ဖြစ်နေတယ်လို့ထင်တာနဲ့ သူတို့ဖါသာသူတို့ သာယာနေကြပေမယ့် သူတို့ခံစားနေရတဲ့ ရောဂါကိုတော့ မေ့ထားနိုင်ကြတဲ့သူတွေပါပဲ။

ရွာသာကြီးစိတ်ရောဂါကုဆေးရုံမှာ ခေတ္တခဏ ထိုင်နေစဉ်အတွင်း ကျမတွေးမိတာကတော့ ဒီလို ရောဂါရှင်များအပေါ် ဆေးကုသမှုပြုကြရတယ်ဆိုတာ တကယ်တော့ အခြားအခြားသော ဆေးကုသနည်း များထက် ပိုပြီး ခက်ခဲနက်နဲလိမ့်မယ်ဆိုတဲ့ အတွေးပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly