ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့ (၁၆) သင်း ရှုံးထွက်အဆင့် တက်ရောက်

ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့ (၁၆) သင်း ရှုံးထွက်အဆင့် တက်ရောက်
(ဓာတ်ပုံ - အီးပီအေ)

ယူရို ၂၀၁၆ အုပ်စု (က) ရဲ့ နောက်ဆုံးပွဲစဉ် တစ်ပွဲထဲက ဆွစ်ဇာလန်နဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားရာမှာ နှစ်ဖက် ဂိုးမရှိ သရေကျခဲ့တာကြောင့်  ဆွစ်ဇာလန်ကို (၁၆) သင်း ရှုံးထွက်အဆင့်ကို ဝင်ရောက်စေခဲ့ပြီး ပြင်သစ်ကိုတော့ အုပ်စုပထမနေရာမှာ ရပ်တည်စေခဲ့ပါတယ်။

ပြင်သစ်အသင်း ဂိုးရဖို့ အခွင့်အရေး (၅) ကြိမ်ရခဲ့ပေမယ့် ပေါ့ဘာရဲ့ ကန်သွင်းချက်ကို ဂိုးသမား ဆွမ်မာ ကာကွယ်နိုင်ခဲ့ပြီး နောက်တစ်ကြိမ်မှာလည်း တိုင်ထိထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဆစ်ဆိုကိုရဲ့ ဖြတ်တင်ဘောကို လူစားဝင်ကစားသမား ပါယက်ရဲ့ ကောင်းမွန်တဲ့ volley ကန်ချက် ဂိုးဘားတန်းထိ ထွက်သွားလို့ ပြင်သစ်တို့ ဂိုးကံခေခဲ့ရပြန်ပါတယ်။

နာကျင်အချိန်ပိုမှာ Dzemaili ရဲ့ အင်္ကျီကို ဆက်ဂ်နာဆွဲချခဲ့ချိန်မှာ ဆွစ်ဇာလန်တို့ ပင်နယ်တီတစ်လုံး ရရှိနိုင်တဲ့ အနေအထားရှိခဲ့ပါတယ်။

ဒီပွဲမှာ တစ်ဖက်နဲ့တစ်ဖက်ဂိုး မသွင်းနိုင်ခဲ့ကြပဲ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံး (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်သွားခဲ့ပါတယ်။

ပွဲပြီးရလဒ်
ဆွစ်ဇာလန် ဝ-၀ ပြင်သစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly