ILO ရုံး လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းထား

ILO ရုံး လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းထား

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ကို နိုင်ငံအတွင်း ရုံးလာရောက်ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံက ကမ်းလှမ်းထားကြောင်း Confederation of the Trade Union of Myanmar CTUM (မြန်မာကုန်သွယ်ရေးသမဂ္ဂ)မှ သိရသည်။

လက်ရှိတွင် ILO က မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ဆက်ဆံရေးရုံးနှင့် ကလေးစစ်သားပပျောက်ရေး ရည်ရွယ်ရုံးတို့သာ ဖွင့်လှစ်ထားသည်။

"ကမ်းလှမ်းထားတာ ဖြစ်လာရင် အလုပ်သမား ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်မှာပဲဖြစ်တယ်။"ဟု CTUM ဥက္ကဌ ဦးမောင်မောင်က ပြောပြီး ယခုနှစ်ကုန်တွင် ILO ပြည်တွင်း ဒါရိုက်တာတစ်ဦး ခန့်အပ်မည်ဟုလည်း မျှော်လင့်ရကြောင်း ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags