ဘာတစ္စတူတာ၏ လက်ရွေးစင်အသင်း သွင်းဂိုးစံချိန်ကို မက်ဆီ လိုက်မီ

ဘာတစ္စတူတာ၏ လက်ရွေးစင်အသင်း သွင်းဂိုးစံချိန်ကို မက်ဆီ လိုက်မီ

ဇွန် ၁၉၊ အမေရိကန် ။            ။ အာဂျင်တီးနားအသင်းက ဗင်နီဇွဲလားအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် မက်ဆီသည် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာ၏ သွင်းဂိုးစံချိန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်သည်။

မက်ဆီသည် ယခုကိုပါအမေရိကပြိုင်ပွဲတွင် လေးဂိုးအထိသွင်းယူထားပြီး စုစုပေါင်းနိုင်ငံတကာသွင်းဂိုး ၅၆ ဂိုး ရှိသွားပြီ ဖြစ်သည်။ ၂၀၀၂ ခုနှစ်ကတည်းက နောက်ဆုံးသွင်းယူခဲ့သော ဘာတစ္စတူတာ၏ သွင်းဂိုးစံချိန်ကို ယခုမှ လိုက်မီခဲ့ခြင်း ဖြစ်သည်။

မက်ဆီက ဘာတစ္စတူတာ၏သွင်းဂိုးကို လိုက်မီခဲ့သည့်အတွက် ကျေနပ်သဘောကျနေသော်လည်း အသင်းနှင့်အတူ ကိုပါအမေရိကဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်ကို ပိုမိုကျေနပ်မိကြောင်း ပြောသည်။

ထို့အပြင် ဆီမီးဖိုင်နယ်တွင် တွေ့ရမည့် အိမ်ရှင် အမေရိကန်အသင်းသည် အသင်းကောင်းတစ်သင်းဖြစ်ကြောင်း၊ ၂ နှစ်ဆက်တိုက် ကိုပါအမေရိကဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန်မှာ မလွယ်ကူသော်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly