သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၁၀ ကျော် ဝင်ငွေရ

သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၁၀ ကျော် ဝင်ငွေရ

မြန်မာနိုင်ငံတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် သစ်တောထွက်ပစ္စည်း ပြည်ပသို့ တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၁၂ ဒဿမ ၉၆၅ သန်း ဝင်ငွေရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်၌ ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းသစ်ထွက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အဖိုးတန် မြန်မာ့ကျွန်းသစ်နှင့် အခြားသစ်မာများကြောင့်လည်း သစ်တောထွက်ပစ္စည်းထုတ်လုပ်မှုတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

သို့သော် သစ်တောထိန်းသိန်းရေးအတွက် ယခုနှစ်တွင် မြန်မာနိုင်ငံက ကျွန်းသစ်ထုတ်လုပ်ရေးကို ရပ်ဆိုင်းပြီး အခြားသစ်မာများ ထုတ်လုပ်ခြင်းကိုလည်း လျှော့ချပြီဖြစ်သည်။

၂၀၁၄ ခုနှစ်ကစကာ သစ်အလုံးလိုက်တင်ပို့ခြင်းကိုလည်း မြန်မာနိုင်ငံ၌ စတင်တားမြစ်ချက် ထုတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ သစ်တောဖုံးလွှမ်းမှု ၄၅ ရာခိုင်နှုန်း ရှိပြီး ၁၉၉၀ ခုနှစ်က ၅၇ ရာခိုင်နှုန်းကျော် ဖုံးလွှမ်းခဲ့ကြောင်း သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly