ဒေါ့မွန်ကွင်းလယ်ကစားသမား အမ်ကီတာရန် မန်ယူအသင်းသို့ပြောင်းရွှေ့လိုနေ

ဒေါ့မွန်ကွင်းလယ်ကစားသမား အမ်ကီတာရန် မန်ယူအသင်းသို့ပြောင်းရွှေ့လိုနေ

ဇွန် ၁၈၊ ဂျာမနီ ။             ။ ဂျာမနီဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကွင်းလယ်ကစားသမား အမ်ကီတာရန်အနေဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်ဟု ကစားသမား၏အေးဂျင့် မီနိုရီယိုလာက ထုတ်ဖော်ပြောကြားခဲ့သည်။

အမ်ကီတာရန်နှင့် ဒေါ့မွန်အသင်းတို့စာချုပ်သက်တမ်းမှာ လာမည့် နွေရာသီတွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ကစားသမားက အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားသည်။ ဒေါ့မွန်အသင်းအနေဖြင့် အမ်ကီတာရန်ကို ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရောင်းထုတ်မည့်အစီအစဉ်မရှိသော်လည်း အေးဂျင့် မီနိုရီယိုလာက မန်ယူသို့ရောင်းရန် အကြံပြုထားသည်။

အမေရိကန်လက်ရွေးစင်ကစားသမား အမ်ကီတာရန်မှာ ဒေါ့မွန်အသင်းတွင် ၈၈ပွဲကစားထားပြီး ၂၃ဂိုးသွင်းထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly