ဒေါ်အောင်ဆန်းစုကြည်၏ ရ၁နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲနှင့် မိန့်ခွန်းပြိုင်ပွဲ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်၏ ရ၁နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲနှင့် မိန့်ခွန်းပြိုင်ပွဲ ကျင်းပ
ဓာတ်ပုံ-မြတ်မြတ်မွန်
 

ရန်ကုန်၊ ဇွန် ၁၈ ။            ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိ ဉာဏ်စမ်းပြိုင်ပွဲ နှင့်မိန်းခွန်း ပြိုင်ပွဲတို့ကို ဇွန်လ ၁၈ ရက် နံနက်က တောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ စိတ်တိုင်းကျ လဖက်ရည်ဆိုင်၌ ကျင်းပခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ်မှ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင် ၁၀၀ ကျော်နှင့် ဟာသပညာရှင် ဦးဇာဂနာ (ခေါ်) ဦးသူရတို့ တက်ရောက်ခဲ့ကြသည်။

ယခုကဲ့သို့ ဂုဏ်ပြုပွဲကျင်းပရခြင်းသည် လူထုစည်းရုံးရေးဖြစ်ပြီး အောက်ခြေပွဲငယ်များမှ အထက်သို့ တက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတလို့သာ မခေါ်နိုင်တာပါ။ သူလုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမှာ ကောင်းကောင်း ရောက်ရှိနေပါတယ်။ ဒီပွဲဟာ ပွဲလေးဖြစ်ပေမဲ့ နောင် ၂၀၂၀ မှာလုပ်မယ့် ပွဲကို အစပြုတာဖြစ်ပါတယ်။ ခေါင်းဆောင်အနေနဲ့ အရည်အချင်းမဲ့တဲ့ ကိစ္စကို မြင်ရင် ပြည်သူက ဆုံးမပေးပါ။ " ဟု သူရဦး တင် ဦးက ပြောသည်။

ထို့ပြင်  NLD အနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ဒေါ်စုပြောခဲ့တဲ့ မိန့်ခွန်းတွေထဲကမှ လူငယ်၊ ပညာရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၁ ရာစု ပင်လုံညီလာခံတွေနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေကို မဲနှိုက်ပြီး ပြိုင်မှာပါ။ ဒီချုပ် အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ မြို့နယ်အမှုဆောင်တွေက ထောက်ခံပေးထားတဲ့ စိတ်ဝင် စားတဲ့သူတွေ ဝင်ပြိုင်တာပါ။ ဒေါ်စုဘာတွေလုပ်ခဲ့တယ်၊ ဘာတွေပြောခဲ့တယ်၊ ဘာလုပ်နေတယ်ဆိုတာကို လူငယ်တွေ အတုယူပြီး ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ်ဆိုတာကို research လုပ်နိုင်၊ သုံးသပ်နိုင်အောင် ရည်ရွယ်ပါ တယ်" ဟု ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနေကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly