ဆွီဒင်ကို အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်တဲ့ အီတလီ

ဆွီဒင်ကို အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်တဲ့ အီတလီ
(ဓာတ်ပုံ - အီးပီအေ)

"အီတလီ ၁-၀ ဆွီဒင်"
ဂိုး - အီဒါ (၈၈) မိနစ်

ယနေ့ည ယူရို ၂၀၁၆ အုပ်စု (E) ရဲ့ အီတလီနှင့် ဆွီဒင်တို့ ယှဉ်ပြိုင်ကစားကြရာ အဲလ်ဒါရဲ့ နောက်ကျ သွင်းဂိုးနဲ့ ဆွီဒင်ကို အနိုင်ရရှိပြီးနောက် နောက်ဆုံး (၁၆) သင်း ရှုံးထွက်အဆင့်ကို အီတလီတို့ တက်ရောက်သွားခဲ့ပါတယ်။

ဒီပွဲဟာ နှစ်သင်းလုံး ဂိုးမရှိသရေကို ဦးတည်နေတယ်လို့ ထင်ရပေမယ့် ချီလီနီ ပေးတဲ့ လက်ပစ်ဘောကနေ ဇာဇာက ခေါင်းတိုက် ချပေးတဲ့ ဘောလုံးကို (၈၈) မိနစ်မှာ အီဒါက ဂိုးဧရိယာရှေ့ တစ်ကိုယ်တော် ဘောလုံး ဆွဲပြေးလာပြီး အပြင်းကန်သွင်းသွားချိန်မှာတော့ အီတလီက တစ်ဂိုး၊ ဂိုးမရှိဆိုတဲ့ အနိုင်ရလဒ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။

ဆွီဒင်အသင်းခေါင်းဆောင် အီဘရာမိုဗစ်ကတော့ နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်း မရှိပဲဖြစ်နေပြီး အွီဒင်ကတေ့ာ့ အုပ်စုတွင်းမှာ ရမှတ်တစ်မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အီတလီကတော့ (၆) မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly