ရဲတပ်သားတစ်ဦး တစ်လင်တစ်မယားဥပဒေ ဖြင့်အမှုဖွင့်ခံရ

ရဲတပ်သားတစ်ဦး တစ်လင်တစ်မယားဥပဒေ ဖြင့်အမှုဖွင့်ခံရ

မုံရွာ၊ ဇွန် ၁၇ ။             ။ ကန့်ဘလူမြို့နယ် မြေမွန်ရဲကင်းစခန်းမှ မြို့မရဲစခန်းသို့ တွဲဘက်တာဝန်ထမ်း ဆောင်ရန်ရောက်ရှိလာသော ရဲတပ်သား တစ်ဦး တစ်လင်တစ်မယားဥပဒေဖြင့် ဇွန် ၁၆ရက်က အမှုဖွင့်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရဲတပ်သား ဇော်မင်းထွန်း နှင့် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ ချစ်ကြိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလက မန္တလေးတိုင်း၊ တကောင်းမြို့တွင် လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက်တွင် ရဲတပ်သားမှာ ၂၀၁၃ခုနှစ်အတွင်းက အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး ကလေးတစ်ယောက်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ဇွန် ၁၆ ရက်က အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

"နောက်အိမ်ထောင်အမျိုးသမီးက တရားလိုပြုလုပ်အမှုဖွင့်ထားတဲ့အတွက် တစ်လင်တစ်မယားဥပဒေနဲ့ အမှုဖွင့်ထားပါတယ်၊ ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေနဲ့ လည်းအရေးယူဖို့စီစဉ်နေပါတယ်။" ဟု ကန့်ဘလူမြို့မရဲစခန်း တာဝန်ကျရဲဝန်ထမ်း တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါရဲတပ်သားအား ကန့်ဘလူမြို့မရဲစခန်း အချုပ်ခန်းအတွင်း ချုပ်နှောင်ထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူမြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly