ခန္တီးမြို့နယ်တွင် ဓါးပြတိုက်မှု ဖြစ်ပွား

ခန္တီးမြို့နယ်တွင် ဓါးပြတိုက်မှု ဖြစ်ပွား
(ဓာတ်ပုံ-အောင်ဆန်းမြင့်)

မန္တလေး၊ ဇွန် ၁၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန့်စီပွန်ကျေးရွာတွင် ဇွန်လ ၁၆ ရက်၊ ည ၉ နာရီကျော်က ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ခန္တီးမြို့ခံတစ်ဦးဖြစ်သူ ကိုအောင်ဆန်းမြင့်က မဇ္ဈိမကိုပြောသည်။

"စတိုးဆိုင်ကို ဝင်ပြီးတိုက်တာပါ။ အဲလိုဝင်တိုက်တော့ ရွာက ဝိုင်းဖမ်းကြတယ်။ သူတို့က သေနတ်နှစ်ချက်ဖောက်တယ်။ ရွာက ဇွတ်ဖမ်းလို့မိတယ်။ ပြီးတော့ စစ်တပ်ကိုလွှဲပေးလိုက်တယ်။ အခု ခန္တီးရဲစခန်းကိုရောက်နေပါပြီ။"ဟု ကိုအောင်ဆန်းမြင့်ကပြောသည်။

နန့်စီပွန်ကျေးရွာရှိ ဦးလွင်ပိုင်ဆိုင်သည့် စတိုးဆိုင်အား ဝင်ရောက်ဓါးပြတိုက်ခြင်းဖြစ်းပြီး ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ဆန်းမြင့်ကဆိုသည်။

ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ဆက်သွယ်မေးမြန်းရာတွင် "ဓါးပြတိုက်တာ ဟုတ်ပါတယ်။ ပုဒ်မ မတတ်ရသေးပါဘူး။ အခုစစ်ဆေးနေပါတယ်။"ဟု   မြို့နယ်မှူးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly