ပြည်သူပိုင်နေရာများ ပြည်သူပြန်လည်ပိုင်ဆိုင်ရေးအဆို တိုင်းလွှတ်တော် မှတ်တမ်းအဖြစ်ထားရှိ

ပြည်သူပိုင်နေရာများ ပြည်သူပြန်လည်ပိုင်ဆိုင်ရေးအဆို တိုင်းလွှတ်တော် မှတ်တမ်းအဖြစ်ထားရှိ

ရန်ကုန်၊ ဇွန် ၁၆ ။             ။ ရန်ကုန်မြို့အတွင်းရှိ အများပြည်သူပိုင် နေရာများ အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် အဆိုအား မြို့တော်ဝန်က မှတ်တမ်းတင်ရန်   ပြောသော်လည်း ထောက်ခံသူအရည်အတွက်များသည့် အတွက် လွှတ်တော်က အတည်ပြုလိုက်သည်။

မေလ ၃၀ရက်က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်တင်သွင်းခဲ့သော အဆိုကို ဇွန်လ ၁၆ ရက်က ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့ တော်ဝန်က မှတ်တမ်းအဖြစ်သာထားရှိရန် လွှတ်တော်သို့ တင်ပြခဲ့သည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးနီး ပါးက ထောက်ခံခဲ့ကြသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ကိုယ်စားလှယတော်ကြီးများတင်ပြထားတဲ့ အဆိုထဲမှာပါတဲ့ ဖြစ်စဉ်တွေကိုလည်း ကျွန်တော် အသေးစိတ် မှတ်သားထားပါ့မယ်။ ဆက်လက်ပြီးတော့လည်း လုပ်ကိုင်ဆောင်ရွက်ပေးပါ့မယ်။ အဲ့ဒီတော့ ဒီအဆိုကို မှတ် တမ်းအနေနဲ့ပဲ ထားရှိပေးရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌကြီးထံ လေးစားစွာ တင်ပြအပ်ပါတယ်"ဟု ရန် ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ယင်းအဆိုတင်သွင်းစဉ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်အနေဖြင့် သင်္ဃန်းကျွန်း ဈေးနှင့် ကပ်လျက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီ ရုံးခန်းနှင့် ဈေးတာဝန်ခံ ရုံး တည်ဆောက်ထားခြင်းမှာ ဥပဒေနှင့် မညီညွှတ်ဘဲ အများပြည်သူပိုင်မြေပေါ်တွင် ဌာနဆိုင်ရာက ကျူးကျော် ထားခြင်း ဖြစ်ကြောင်း တင်ပြပြောဆိုထားပြီး ယင်းသို့ လုပ်ဆောင်ထားခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့် မညီ ညွတ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်း ဦးနေဘုန်းလတ်၏ ပြောကြားချက်အရ သိရသည်။

မြို့တော်ဝန်က အဆိုအားလွှတ်တော်တွင် မှတ်တမ်းတင်ထားရန် တင်ပြခဲ့သည့်အတွက် ရန်ကုန်တိုင်း လွှတ် တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအား မေးမြန်းရာတွင် အဆိုရှင် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က အဆိုသည် အများပြည်သူအတွက် လွန်စွာအရေးပါသည့်အဆို ဖြစ်သည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ် ကို ခံယူမည်ဟု ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အများပြည်သူပိုင်မြေများ အများပြည်သူက အမှန်တကယ် ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရေးဟု ပြောရာတွင် ပိုင်ဆိုင်ခွင့်ကို ပြောဆိုခြင်း မဟုတ်ဘဲ အများပြည်သူပိုင်မြေများကို အများပြည်သူကသာအသုံးချခွင့်ရရှိရန်ကို ဆိုလိုခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အများပြည်သူပိုင် မြေများဟု ဆိုရာတွင်လည်း  ပန်းခြံများ၊ အားကစားကွင်းများ၊ စာကြည့်တိုက်များ၊ လမ်းများ ကို ဆိုလိုခြင်း ဖြစ်ပြီး အဆိုပါ နေရာများတွင် အစိုးရဌာနများမှ ဌာနပိုင်အဆောက်အဦးများ   ဆောက်လုပ် နေ ခြင်း၊ ရောင်းချ ငှားရမ်းခြင်းများ လုပ်ဆောင်နေခြင်းကို  ရပ်တန့်ရန်အတွက် အများပြည်သူပိုင်နေရာများကို အများပြည်သူ အမှန်တကယ်ပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်လုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly