စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ ရေလုပ်သားများ တင်ပြထားသော ငါးလေလံအား ဆိုင်းင့ံ

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ ရေလုပ်သားများ တင်ပြထားသော ငါးလေလံအား ဆိုင်းင့ံ

မုံရွာ၊ ဇွန် ၁၅။              ။ ခန္တီးမြို့ရေလုပ်သားများမှ လေလံအား ရေလုပ်သားများထံ တိုက်ရိုက်ချထားပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရထံ တင်ပြထားမှုကြောင့် လေလံအား ဆိုင်းငံ့ထားကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးဟရဲကုန်းကပြောသည်။

ခန္တီးမြို့ရေလုပ်သားများမှ တိုက်ရိုက်ငါးဖမ်း ခွင့်ချပေးရန်အတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ထံဧပြီလတွင်းက စာတင်တောင်းဆိုခဲ့သော် လည်း လေလံစနစ်လုပ်ရန် စီစဉ်ခဲ့သောကြောင့် ဝန်ကြီးချုပ်နှုတ်ထွက်ရေး ဆန္ဒပြရန်လည်းစီစဉ်ခဲ့ကြသည်။

"တောင်းဆိုထားတဲ့လုပ်ကွက်နှစ်ကွက်ကို လေလံမဆွဲတော့ဘဲ ဆိုင်းငံ့လိုက်ပါတယ်။ ရေလုပ်သားတွေအတွက် တကယ်လိုအပ်မယ် လို့ယူဆလို့ ငါးလုပ်ငန်းဦးစီးက ခေါင်းခံပြီး တော့   လေလံကိုရပ်ဆိုင်းလိုက်တာပါ။ အစိုးရအဖွဲ့ဆီ ကိုလည်းထောက်ခံပေးထား ပါတယ်။ အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု ငါးလုပ်ငန်းဦးစီးမှူးဦးဟရဲကုန်းကပြောသည်။

ချင်းတွင်းမြစ်အတွင်းရှိ ပဒူမုန်းငါးဖမ်း လုပ်ကွက်နှင့် စိန်နန်းငါးဖမ်းကွက်တို့အား ရေလုပ်သားများမှ တိုက်ရိုက်ငါးဖမ်းခွင့်ပြုရန်သော်လည်းကောင်း၊ ဘုံငါးဖမ်းခွင့်ပြုရန်သော်လည်းကောင်း ချထားပေးရန် ခန္တီးမြို့ ရေလုပ်သားများမှ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်က အဆိုပါငါးဖမ်းကွက်နှစ်ကွက် အတွက် ငါးဖမ်းခွင့်လိုင်စင်ကို ခန္တီးမြို့ ရေလုပ်သားများထံတိုက်ရိုက် ချထား ပေးခဲ့ ကြောင်း ဒေသခံကိုအောင်ဆန်းမြင့် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly