ထိုင်းဘုရားကျောင်းတစ်ခုတွင် ခေါင်းလောင်းပိ၍ မိန်းကလေးငယ်တစ်ဦး သေဆုံး

ထိုင်းဘုရားကျောင်းတစ်ခုတွင် ခေါင်းလောင်းပိ၍ မိန်းကလေးငယ်တစ်ဦး သေဆုံး

ဇွန် ၁၆ ။               ။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Non Thai ဒေသရှိ ဘုရားကျောင်းဝန်းတစ်ခုတွင်  ခေါင်းလောင်းသုံးလုံး ပြုတ်ချခဲ့မှုကြောင့် သုံးနှစ်အရွယ်မိန်းကလေးတစ်ဦး သေဆုံးပြီး မူကြိုအရွယ် အခြားယောကျ်ားလေးနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်များက ဇွန် ၁၆ ရက်တွင် ပြောသည်။

ကျောင်းဝန်းအတွင်းရှိ အဆိုပါ ခေါင်းလောင်းသုံးလုံးကို ထောက်ထားသည့် ဒေါက်တိုင်နှစ်ခုပြိုကျမှုကြောင့် သုံးလုံးတွဲ ခေါင်းလောင်းများပြုတ်ချလာချိန်တွင် ကလေးများအပေါ် ပိမိသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အထက်ပါ ကလေးသုံးဦးစလုံးမှာ ဘုရားကျောင်းသို့ လေ့လာရေးခရီးထွက်လာသည့် ကလေးစောင့်ရှောက်ရေးစင်တာမှ မူကြိုကလေးများအဖွဲ့မှ ဖြစ်ပြီး ယခုအခါ အဖြစ်ဆိုးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကလေးသုံးဦး ခေါင်းလောင်းထိုးချိန်တွင် ဒေါက်တိုင်နှစ်ခုအနက် တစ်ခုမှာ အရင်ပြိုကျခဲ့ပြီးနောက် ကျန်ရှိသော ဒေါက်တိုင်ကပါ လိုက်လံပြိုကျခဲ့ခြင်းပြီးနောက် ကလေးများအပေါ် ခေါင်းလောင်းသုံးလုံး ပိမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ယောကျ်ားလေးနှစ်ဦးမှာ သာမန် ဒဏ်ရာများသာ ရရှိခဲ့သော်လည်း သုံးနှစ်သမီးအရွယ် မိန်းကလေးငယ်လေးဟာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly